Professional Authors

ပျံသန်းလိုက်ပါ

မျှော်လင့်ခြင်းတွေ ပေပွနေတဲ့ မနက်ဖြန်
ခပ်ထွားထွား အတွေးတွေပဲ
ခေါင်းစဉ်တပ်ရင်း
စိတ်ကူးက စိတ်ကူး
အိပ်မက်ဟာ အိပ်မက်
ရှင်သန်ရတာက အလုပ်တစ်ခု။
အနုတ်စုပ်ဘ၀တွေမှာ
အဖြေရှာရတာ သိပ်နက်လွန်းတယ်။
ကောင်းကင်ထဲ ဒေါင်လိုက်မော့ကြည့်လိုက်ပါ။
ငှက်တွေက ပျံနေရင်း
သင့်ကိုယ်သင်လည်း ပျံသန်းလိုက်ပါ။
ခပ်ကားကား စကားလုံးတွေ တောင်ပံတပ်ရင်းလေ။ ။

In: ကဗျာ Posted By: Date: Nov 21, 2010
Comment #1

ကောင်းတယ်ကဗျာက
ကြိုက်တယ်
အားပေးနေတယ်
အဲလိုတွေးလို့ရတဲ့ကဗျာမျိုးများများရေးစေချင်တယ်
ကျေးဇူးတင်ပါတယ်အစ်ကိုမိုးလူရေ…………………..

commentinfo By: မွန်စိုက် at Nov 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment