Professional Authors

စကားလုံးတွေ

စကားလုံးတွေ

မပြောချင်ဘဲပြောတာကော

ပြောချင်လို့ပြောတာကော

အများကြီးပဲ………

ဘ၀သက်တမ်းတလျှောက်က

ငါ့စကားလုံးတွေ

ငါကိုယ်တိုင်တောင်သတိမထားမိဘူး။

ဘယ်စကားလုံးက

ငါ့ဘ၀မှာရေပန်းအစားဆုံးပါလိမ့်….

“ဗိုက်ဆာလိုက်တာ”ဆိုတာများဖြစ်နေမလား

ဒါမှမဟုတ်

“လောကကြီးကမတရားဘူး”လို့များလား…

ဘာပဲဖြစ်ဖြစ်

ချစ်သူကိုကောမုန်းသူကိုပါ

အများကြီးခြွေချပေးခဲ့ပြီးပြီ

စကားလုံးတွေ………..

စကားလုံးတွေ………..

စကားလုံးတွေ………..

စကားလုံးတွေ………..။                     ။

In: ကဗျာ Posted By: Date: May 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment