Professional Authors

လွန် မဟုတ်တဲ့ လွန်း – နရီထက်

ကကွက် စုံလင်ချင်ပေမဲ့…
ကကြိုး အရှုပ်မခံလေတယ်…
ရိုးစင်းလွန်းတဲ့ သီအိုရီ မဟုတ်ဘူး
ဘ၀က ရှုပ်လွန်းတယ်…
ရေမြင့်မှ ကြာတင့်ပေမဲ့
ပင်လယ်ပြင်က ခက်ထန်လွန်းတယ်
အရိပ်လိုလို နေပူစောင့်ခဲ့ကြတယ်
တစ်ခါတစ်ခါလည်း ကိုင်းတွေ ချိုးပစ်လွန်းတယ်…
အနိုင်လိုယူမှုများရင် ဟန်ဆောင်ကောင်းတယ်
မေတ္တာတရားက အညံ့ခံ သက်သက်လား
ဝဋ်တွေ လည်တတ်လွန်းတယ်…။     ။

နရီထက်
( ၁၁ ၊ အောက်တိုဘာလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Oct 11, 2011
Comment #1

လုလင် အားပေးသွားသည်

Comment #2

ဟုတ်ပ ကိုနရီရေ..။ သံသရာထဲ အဖန်ဖန်ကျင်လည်သရွေ့ ဒီလိုပဲပါ့ဗျာ

commentinfo By: ကိုကိုဖရီး at Oct 12, 2011
Comment #3

ဒိကဗျာ လေးက စကားပုံ တချိုမှားယွင်း မူနဲ့ လောကကြိးထဲ လမ်းလျှောက်နေတဲ့ လူတွေ့ အကြောင်းနေထားတာနော် အစကနေကကွက် စုံလင်ချင်ပေမဲ့…
ကကြိုး အရှုပ်မခံလေတယ်…
ရိုးစင်းလွန်းတဲ့ သီအိုရီ မဟုတ်ဘူး
ဘ၀က ရှုပ်လွန်းတယ်…
ရေမြင့်မှ ကြာတင့်ပေမဲ့
ပင်လယ်ပြင်က ခက်ထန်လွန်းတယ်
အရိပ်လိုလို နေပူစောင့်ခဲ့ကြတယ်
တစ်ခါတစ်ခါလည်း ကိုင်းတွေ ချိုးပစ်လွန်းတယ်…
အနိုင်လိုယူမှုများရင် ဟန်ဆောင်ကောင်းတယ်
မေတ္တာတရားက အညံ့ခံ သက်သက်လား
ဝဋ်တွေ လည်တတ်လွန်းတယ်…။ ။ဒိအဆုံးထိကြိုက်တယ်.

commentinfo By: thua at Oct 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment