Professional Authors

ဝေးနေဆဲ

စကားလုံးတွေထွက်ခွါသွားကြတယ်
မင်းနဲ့ဝေးရာဆီတဲ့………..
ဘယ်သွားမယ် ဘယ်လာမယ်
ပြန်လာမယ် ပြန်မလာဘူး
ဟဟတောင်ပြောမသွားခဲ့ကြပါဘူး….

အရှောင်အတိမ်းကောင်းတဲ့စကားလုံးတွေ
လိုက်ရှာလို့လဲမတွေ့ခဲ့ပါဘူး
လိုက်မရှာဖို့လဲပြောမသွားခဲ့ကြပါဘူး

ပုန်းလျှိုးကွယ်လျှိုးစကားလုံးတွေရဲ့နောက်
စိတ်မကျန်းမမာဖြစ်နေတဲ့စကားလုံးတွေရဲ့နောက်
အပြုံးအရယ်မရှိတဲ့စကားလုံးတွေရဲ့နောက်
နေရောင်ကြောက်တဲ့စကားလုံးတွေရဲ့နောက်
မလှမပစကားလုံးတွေရဲ့နောက်
အိပ်မက်တွေမယုံကြည်တဲ့စကားလုံးတွေရဲ့နောက်

ငါက…………
တကောက်ကောက်လိုက်မတဲ့လား
မဟုတ်ဘူး
ငါက……….
အရင်ကတည်းကသွားနှင့်ပြီ။။။

အမရာ

In: ကဗျာ Posted By: Date: Jun 21, 2010
Comment #1

ဒီကဗျာ လေး အရမ်းကောင်းတာ ပဲ
သုံးထား တဲ့ စကားလုံးလေးတွေ အရမ်းလှတယ်

commentinfo By: lwanhlainge at Jun 22, 2010
Comment #2

နေရောင်ကြောက်တဲ့စကားလုံးတွေရဲ့နောက်
မလှမပစကားလုံးတွေရဲ့နောက်
အိပ်မက်တွေမယုံကြည်တဲ့စကားလုံးတွေရဲ့နောက်

ငါက…………
တကောက်ကောက်လိုက်မတဲ့လား
မဟုတ်ဘူး
ငါက……….
အရင်ကတည်းကသွားနှင့်ပြီ။။။

commentinfo By: ကေသရီ at Sep 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment