Professional Authors

လူတစ်ယောက်က ငုံ့ကြည်လိုက် မော့ကြည့်လိုက်လုပ်နေရင်း

ကျွန်တော်ဖြစ်တည်ခဲ့တာ

ဒီလိုပါပဲ ..ပရမ်းပတာလိုလို  အမှားအမှန်လိုလို

တွေဝေဖို့ တော့ မသင်ကြားခဲ့ရပြန်ဘူးလေ။

တစ်နေ့ပြီးတစ်နေ့သာ .. ကောင်းကင်ကငုံ့ကြည့်ခဲ့ရင်

လူတစ်ယောက် သူ့ဘ၀သူ ကျောပိုးရင်း

သူ့လောက သူဖန်ဆင်းရင်း

မြေကြီးနဲ့ကောင်းကင်ကြား ကြားညှပ်မိနေသလိုပေါ့ဗျာ။

ဒီလိုနဲ့ ကျွန်တော်ဆက်ရေးနေခဲ့တာ ကဗျာတစ်ပုဒ်လိုလိုပဲ

ဂွကျကျ ခံစားချက်တွေကို ထောင်းချေ ထုထည့်ရင်းပေါ့။

ဟော.. တစ်နေ့ပြီးတစ်နေ့သာ မြေကြီးပေါ်ကြ ပန်မော့ကြည့်ခဲ့ရင်

ဘယ်သူမှ ကောင်းကင်ထဲ လမ်းလျှောက်မနေဘူးဆိုတာသိတယ်

မြေကြီးထဲပဲ တစ်ဖြုတ်ဖြုတ် တိုးဝင်ပျောက်ရှကုန်တာပေါ့ ဗျာ ။ ။

In: ကဗျာ Posted By: Date: Jul 2, 2011
Comment #1

လေးနက်တယ်ဗျာ….တရားသဘောလဲ ပါတယ် အားပေးပါတယ်ဗျာ……..

commentinfo By: nyanlinhtet at Jul 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment