Professional Authors

ထရော်မာ (ဇေယျာလင်း)

ကဗျာဆိုတာ ငါတို့ပဲ ငါတို့ရေးမှကဗျာ
ကဗျာဆိုတာ ငါတို့ သတ်မှတ်ချက်
ငါတို့ သတ်မှတ်ချက်နဲ့ ကိုက်ညီမှ ကဗျာ
ငါတို့ရေးသလို လိုက်ရေး အဲဒါမှကဗျာ
“ကဗျာဓာတ်” နဲ့ “အလှတရား” အဲဒါငါတို့ပဲ သိကြတယ်
“ကဗျာဓာတ်” နဲ့ “အလှတရား” ငါတို့ဆီက စီးဆင်းတယ်
ပြည်သူ့ခံစားချက်မပါ
အဲဒါကဗျာမဟုတ်ဘူး
ပြည်သူ့ဘ၀ရနံ့မပါ
အဲဒါ ကဗျာမဟုတ်ဘူး
ပြည်သူ့ခံစားချက် အဲဒါငါတို့ပဲ သိကြတယ်
ပြည်သူ့ ဘ၀ရနံ့ သင်းပျံ့ အဲဒါမျိုးမှ ငါတို့ကဗျာ
ရင်ထဲကခံစားချက် ပေါက်ကွဲမှုနဲ့ ရေးကြတယ်
ရင်တွင်းမှာ အလိုလိုစီးဆင်း ကဗျာဓာတ်တွေ တဖျင်းဖျင်း
ကဗျာရဲ့ မူလ မူလရဲ့မူရင်း ငါတို့ထံမှသာစီးဆင်း
သမိုင်းရှိတဲ့ ငါတို့ကဗျာ အနာဂတ်ရှိတဲ့ ငါတို့ကဗျာ
တိုးတက်တဲ့ ငါတို့ကဗျာ အရှိန်အဟုန်ပြင်းတဲ့ ငါတို့ကဗျာ
ငါတို့ဟာ ငါတို့ကဗျာ ငါတို့ဟာ ငါတို့ကဗျာ
ငါတို့ဟာ ကဗျာ ကဗျာရဲ့ရှေ့တန်း ကဗျာရဲ့ခံစစ်
ငါတို့ကဗျာထုထည်ကြီးကို ထိပါးလာရင်
“အနုပညာအားကိုးနဲ့ အကြမ်းဖက်ပစ်လိုက်မယ်”
ငါတို့မှာ သမိုင်းရှိတယ် ငါတို့မှာ အနာဂတ်ရှိတယ်
ငါတို့မှာ ယုံကြည်ချက်ရှိတယ် ငါတို့မှာ ပြည်သူရှိတယ်
ငါတို့ဟာ တိုးတက်တယ် ငါတို့ဟာ ကဗျာ့ဆရာတွေ ဖြစ်ကြတယ်
“ငါခံစားတာမှ အစ်အမှန် အဖိုးတန်”
“ငါရေးတာမှ ခေတ်ထင်ဟပ် ကဗျာစစ်စ်”
“ငါမှ ငါသာ ကဗျာ့ဆရာ”
“ငါ” သုံးငါ “ဗဟုဝါဒ” ဒါဟာအနုမာန မဟုတ်ဘူး
အနုပညာမာနနဲ့ အနာဂတ္တယုံကြည်မှု (အဲဒါငါတို့)
ခံစားမှုစစ်စစ်သာ ကဗျာရဲ့ အသွေးအသား (ငါတို့)
ဘာသာစကားဆို ပျင်းတောင်ပျင်းသေးတယ်။              ။

ဇေယျာလင်း
၁၆၊ ဖေဖော်ဝါရီလ၊ ၂၀၀၇

မှတ်ချက်။       ။ထရော်မာ = ဒဏ်ရာတစ်ခုခုကြောင့် ကိုယ်၊ စိတ်တွင် ပေါ်လာသော ဒဏ်၊
                       ပူဆွေးသောက ရောက်စေပြီး မေ့ပျောက်မရလေအောင် ဖြစ်စေသောဒဏ်။
                       *trauma

ကဗျာဆရာ ဇေယျာလင်း ရဲ့  “၂၀၀၇ ဇေယျာလင်း” ဆိုတဲ့ ကဗျာစာအုပ်ကပါ။ pdf ကို ဒီနေရာမှာ download ချပါတယ်။

Comment #1

ငါတို့ဟာ ငါတို့ကဗျာ ငါတို့ဟာငါတို့ ကဗျာ

ဘာသာစကားလှည့်ပတ်မှုပေါ့ ။

commentinfo By: ထူးဝေ at Jan 21, 2011
Comment #2

ကဗျာဆိုတာ ငါတို့ပဲ ငါတို့ရေးမှကဗျာ
ကဗျာဆိုတာ ငါတို့ သတ်မှတ်ချက်
ငါတို့ သတ်မှတ်ချက်နဲ့ ကိုက်ညီမှ ကဗျာ
ငါတို့ရေးသလို လိုက်ရေး အဲဒါမှကဗျာ
“ကဗျာဓာတ်” နဲ့ “အလှတရား” အဲဒါငါတို့ပဲ သိကြတယ်
“ကဗျာဓာတ်” နဲ့ “အလှတရား” ငါတို့ဆီက စီးဆင်းတယ်
ပြည်သူ့ခံစားချက်မပါ
အဲဒါကဗျာမဟုတ်ဘူး
ပြည်သူ့ဘ၀ရနံ့မပါ
အဲဒါ ကဗျာမဟုတ်ဘူး…။

commentinfo By: အောင်ရဲသူ at Jul 5, 2011
Comment #3

ထရော်မာ။…။

commentinfo By: SoFarAwayFromU at Oct 1, 2011
Comment #4

ထရော်မာ…။

commentinfo By: SoFarAwayFromU at Oct 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment