Professional Authors

အမျိုးအမည်မသိလူနာ (ဇေယျာလင်း)

ခံစားချက်ဝေဒနာများ သင်ခံစားနေရပါသလား
စိတ်စိစစ်မှုကုထုံးများဖြင့် အခုပဲ ကုသပေးနေပါသည်
သက်သသောဈေးနှုန်းဖြင့် အခုပဲလာရောက်ကုသကြပါရန်
ဤသို့ဖြင့် “သူ့အကြာင်းအကောင်းတွေးသလိုလိုနဲ့ ငါ့အကြောင်း
လိုက်ဖမ်းရ၊ ခြေဖျားအောက်နင်းရ၊ ဖင်ခုထိုင်ရ၊ငါ့
အပိုင်းအစတွေ အချိုးအစားပျက်ပျက်နဲ့ပဲ ကော်ကပ်ရ
စတေပလာချုပ်ရအမည်တပ်ရ၊ တစ်ညလုံးပဲညလုံးပေါက်ရ
ငါ့ကိုယ်ငါ ရသအလုံးစုံ စို့နင့်အောင်ခံစားရ”
မနက်သည်လည်း မနက်အတိုင်းရောက်လာရသည်သာ
ပိုက်ကွန်တစ်ခုကို သေသေသပ်သပ်ခေါက်ချိုး ချိုးပြီး
အိပ်ကပ်ထဲထည့် မြို့ထဲထွက်ခဲ့ ဘာဖမ်းမလဲ
မသိ၊ ဘာမိမလဲ၊ ပိုက်ကွန်ကိုတော့ ပစ်ရမှာပဲ မစ္စတာချာလီ
ပျော်ပါရဲ့လား၊ ပျော်ရဲ့လား၊ မိမိကိုမိမိ မမေးကြေး
လမ်းဘေးမြောင်းထဲ စကားတစ်လုံး ထွီထွမ်းထွေးလိုက်တယ်
ထွေးပြီးမှပဲ “ဒုက္ခ၊ဒုက္ခ၊ ငါ့နာမည်များပါသွားသလား”
ဒါကိုငါပြောနေတာဖြစ်တယ် ဟိုကောင် ဇေယျာလင်းမဟုတ်ဘူး
တစ်ကိုယ်စာလုံခြုံမှု အပေါက်အပြဲနဲ့ ဘ၀ရဲ့
နူနာဝဲဆွဲ ဆူးချွန်တွေပေါ်ပစ်လဲကျ၊ သွေးထွက်ရ၊
လဲရာအကြွေးတောင်းခံရ၊ မြေနိမ့်မှာ ခရမ်းပျိုးခံရ၊
ပတ်ပတ်လည် ရောင်းကုန်ဆိုင်ဘုတ်ဟီးဟီးတွေပေါ်က ပမာ
မခန့်ရုပ်ပုံတွေ (ဒင်းရုပ်ပုံတွေ) စာသားတွေ (ဒင်းစာသားတွေ)
ဒင်းဟာ “အစစ်အမှန်” လဲ ငါဘာ “အစစ်အမှန်” လဲ
လမ်းဘေးက လက်တစ်ဝါးစာ အပ်ချုပ်စက်နဲ့ ငါ့ရဲ့
ဘယ်အရာရဲ့ ဘယ်နေရာပြန်ချုပ်ရ၊ ချုပ်ရိုးဖြည်ရ
စကားတွေလမ်းမှာပြန်ပြီ စိတ်ရဲ့မိုးကောင်းကင်
ကြိုးတန်းပေါ် ထီးစုတ်တစ်ချောင်းနဲ့ ဟန်ချက်ချိန်ရ
သားသားဟာ လေးနှစ်သားလေးစစ်စစ်ပါ
သားသားဟာ ဘ၀ကို စစ်စ်ကြီး ငြီးငွေ့နေပါပြီ
နွေဦးလ ဟာ (သွားစမ်းပါ၊ အလကား၊ ဘာမှမဟုတ်ဘူး)
ဟေ့ကောင်၊ ငါ့ကိုလာခေါင်းမစားနဲ့၊ မုန်တိုင်းထဲရောက်သွားမယ်
ဓာတ်ခဲရေဒီယိုကို ခပ်ကျယ်ကျယ်ပဲဖွင့်လိုက်တယ်
ဂျိဂျိ ဂျစ်ဂျစ်ဂျစ်  ဂျိ ဂျစ်ဂျစ် ဂျိဂျိ ဂျစ်ဂျစ်
ဘာမှမလိုတော့ပါဘူး အားလုံးပြည့်စုံပါတယ်
“လိုချင်တဲ့ အဓိပ္ပါယ်ဟာ ဘယ်ပေါ်မှာမူတည်”
“တကယ်ကောင်းတဲ့ ဇာတ်လမ်းပဲ မြင်ရခဲတဲ့
ဘ၀သစ္စာကို မှောင်ရိပ်ထဲက မီးမောင်းထိုးပြ
လိုက်သည့်နှယ်” ထုတ်ဝေသူ ဟာပါ-ကောလင်းန်စ်
နောက်ဆုံးပေါ် စာပေသီအိုရီကို တစ်ထိုင်ဖတ်နဲ့လိုချင်ပါသား
စကားလုံးသတ္တ၀ါ။               ။

ဇေယျာလင်း
၂၅၊ မတ်လ ၂၀၀၇

/* ကဗျာဆရာ ဇေယျာလင်း ရဲ့  “၂၀၀၇ ဇေယျာလင်း” ဆိုတဲ့ ကဗျာစာအုပ်ကပါ။ */

Comment #1

စကားလုံးသတ္တ၀ါ။…။

commentinfo By: SoFarAwayFromU at Oct 1, 2011
Comment #2

ဘာမှမလိုတော့ပါဘူး အားလုံးပြည့်စုံပါတယ်
“လိုချင်တဲ့ အဓိပ္ပါယ်ဟာ ဘယ်ပေါ်မှာမူတည်”
“တကယ်ကောင်းတဲ့ ဇာတ်လမ်းပဲ မြင်ရခဲတဲ့
ဘ၀သစ္စာကို မှောင်ရိပ်ထဲက မီးမောင်းထိုးပြ
လိုက်သည့်နှယ်” ထုတ်ဝေသူ ဟာပါ-ကောလင်းန်စ်
နောက်ဆုံးပေါ် စာပေသီအိုရီကို တစ်ထိုင်ဖတ်နဲ့လိုချင်ပါသား
စကားလုံးသတ္တ၀ါ။ ။

commentinfo By: အသဲကွဲမိုး at Oct 18, 2012
Comment #3

ခံစားလို့လိုက်မမီသလိုပဲ။စနစ်တော့ပါပါတယ်။ဒါပေမဲ့ သိပ်နားမလည်ဘူး။မော်ဒန်ကဗျာတွေ ဒိထက်ပိုပြီး ရှင်းရင်ကောင်းမယ်။

commentinfo By: lighthunter at Dec 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment