Professional Authors

ယနေ့ရနိုင်သော စူးစမ်းစစ်ဆေးမှုများ (ဇေယျာလင်း)

လည်ပင်းကိုတုပ်ထားတဲ့ကြိုး ဖြတ်ပေးမယ်တဲ့
ပြင်ပလောကနဲ့ တစ်ခုတည်းသော အဆက်အသွယ်
                 အသံအကြောအမျှင်လေး
အချို့နေရာတွေမှာ အစိုးရ ရဟတ်ယာဉ်တွေ ည၀တ်ရုံနဲ့လာကြတယ်
ဒေသခံရွာသားတွေပေါ် ငရုပ်ကောင်းတွေ ငှက်ပျောသီးတွေ
               ကြဲချတယ်
တနင်္ဂနွေတစ်ရက်ဈေးထဲမှာ အမှည့်လွန်စကားလုံးတွေ
               ခြင်းတောင်းထဲပျော့ပြဲလန်
စစ်ကြီးဟာနေ့လည် ၁၄:၅၀ နာရီမှာ မြေကြီးထဲထိုးရပ်
ဂျလောက် ဂျလောက်
လည်ပင်းပတ်ပတ်လည်မှာ ကတုတ်ကျင်းတွေတူး
               အချစ်တွေတပ်ဆင်
ဒါကို ဘယ်လိုမှ အဓိပ္ပာယ်မပေါက်နိုင်ခဲ့ကြဘူး
အကြောက်တရားကင်းမဲ့စွာ ဆယ်စုနှစ်မှာ ပထမဆုံးအကြိမ်
လမ်းကျိုးတွေ လမ်းကွေးတွေ အပြည့်သယ်ဆောင်လာတဲ့
                ကုန်တင်ကားတွေတစ်စီးပြီးတစ်စီး
“အခု ပြန်တွေးကြည့်တော့လည်း နည်းနည်းထူးဆန်းသလိုပဲ
              အသက် ၄၀ ကျော် အထိ
ကမ္ဘာကြီးဟာ ငါ့နာမည်လိုပဲ တောနက်ကြီးတစ်ခုထဲမှာ
                 အပူဒဏ်တွေနဲ့ငါ
လူရိုင်းစိမ်းတွေရဲ့ ဆူဆူညံညံ ရယ်သံတွေဟာ ငါ့မျက်ခွံအထိ”
မျှော်လင့်ချက်လို ပြုတ်ပြုတ်ကျနေတဲ့ မေးရိုးနဲ့ ငနဲပေါ့
ဦးထုပ်က တွဲလောင်းကျကြိုးနဲ့ မေးအောက်ကနေထုံးလို့
သင်၏ပထမဆုံးနေ့ကို အရသာတွေ့ပါရဲ့လား
ဟုတ်ကဲ့ပါလို့ စကားက ခြင်းထဲ သူ့ကိုယ်သူထဲ
                ထိုးနှိုက်စမ်းနေတယ်
တောင်တက်သမားတွေအားလုံး တက်ဖူးကြတဲ့ အဓိပ္ပာယ်နဲ့
                မပြုံးမရယ်။              ။

ဇေယျာလင်း
၂၂ မတ်လ ၂၀၀၇

/*ကဗျာဆရာ ဇေယျာလင်း ရဲ့  “၂၀၀၇ ဇေယျာလင်း” ဆိုတဲ့ ကဗျာစာအုပ်ကပါ။*/

Comment #1

ကောင်းဗျာ ဆရာရေ

commentinfo By: ချစ်မိုးဦး at Dec 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment