Professional Authors

ဝမ်းနည်းဖွယ်ရာ စီးကရက်တွေ မသောက်ချင်ဘူး (ဇေယျာလင်း)

တစ်ယောက်ဟာ တစ်ယောက်အတွက်
အချိန်ပိုင်း ကစားစရာ
ကစားစရာ နှစ်ယောက် ကစားတမ်း ဆော့ကြတယ်
အလေးအနက် ကိစ္စတွေကို
ဖင်ခုထိုင်ပြီး ကစားကြတယ်
ကစားတမ်းက
ကစားစရာနှစ်ယောက်ကို
ပြန်ကစားတယ်
ပျော်စရာကြီးပါပဲ လို့တော့
ဘာကမှ ယောင်လို့တောင် မဟကြဘူး
ကြည့် သူ ကစားနေတယ်
ကြည့် သူမ ကစားနေတယ်
ကြည့် ကစားတမ်းကြီး ကစားနေတယ် ……. … ။ ။

ဇေယျာလင်း
(ပထမဆုံးလိပ်စာ …မှ)

Credit::

Comment #1

အချိန်ပိုင်းကစားစရာ
အလေးအနက်ကိုကစားနေကြတယ်

commentinfo By: မေပျို at Jan 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment