Professional Authors

ပြန်လာပါပြီ (သက်ထွေး)

ကမ္ဘာမြေကြီးဆွဲအား
ရပ်နေချင်သူကို
ဆွဲတားပါ။

ကိုယ့်ချစ်သူကို
ကိုယ့်လက်ထဲက
ပြန်ကယ်တင်ရတဲ့ အခန်း
စိတ်မခိုင်သူတွေ မျက်ရည်စမ်းကြ ..
ချစ်ရသူကို စွန့်လွှတ်ရဲနိုင်သူမှ
သူရဲကောင်းဆန်သူတဲ့လား။

(မကျီစယ်ပါနဲ့)
နေ့ခင်းမှာ  လင်းချင်တဲ့ကြယ်ကလည်း
ခရီးသည်ပါပဲ …
ကိုယ့်အမြီးကိုယ် မီးနဲ့ညှိ
(ကောင်းကင်ကြီး)
တောက်ပနေတာကို ကြည့်ချင်မိမှာပဲ။

သက်တမ်းစေ့သွားတဲ့
တံခါးပါ ..
စေ့ရုံပဲစေ့ထားရတယ် …
ခြေသံကြားတိုင်း ချောင်းချောင်းကြည့်
သော့ခတ်မယ့်သူကို မျှော်နေမိတယ်။

အလွမ်းဆိုတာ
မျက်လှည့်ပွဲတစ်ခုဆိုပါစို့ …
ဖဲချပ်တွေ ဖွက်ပြ …
(ကိုယ့်ကိုယ်ကို) ကြိုးနဲ့ တုတ်ပြ …
ယုန်လေး ထုတ်ပြ …
နှင်းဆီပန်းလေး ပွင့်ပြ ..
မြင်သာအောင်
(ကိုယ့်)ရင်ဝ မြားနဲတည်ပြီး
ပစ်ပြရတဲ့အခါတွေလည်းရှိတာပေါ့။

မျက်လုံးတစ်မှိတ်
သောက်နေကျ ကော်ဖီလေး ဖိတ်သွားတယ် ..
လွယ်နေကျ လွယ်အိတ်လေးထဲက ည
အဖတ်ဆယ် မရတော့ဘူး။

အထီးကျန်တယ်ဆိုတာ
နေရာအမှန်ကို
အဖေါ်မရံပဲ
ခရီးသည်ဆန်ဆန် ပြန်လာရခြင်းပါပဲ။

ကျွန်တော်ပြန်လာပါပြီ။ ။

သက်ထွေး
၁၃ နိုဝင်ဘာ ၂၀၁၀ မနက် ၁၂း၃၂

In: ကဗျာ Posted By: Date: Nov 14, 2010
Comment #1

မျက်လုံးတစ်မှိတ်
သောက်နေကျ ကော်ဖီလေး ဖိတ်သွားတယ် ..
လွယ်နေကျ လွယ်အိတ်လေးထဲက ည
အဖတ်ဆယ် မရတော့ဘူး။

အချိန်တစ်ခုပြီးတော့
ကျွန်တော် ပြန်လာပါပီ…။

အတွေးကောင်းတဲ့ ကဗျာ 🙂

commentinfo By: John Moe Eain at Nov 14, 2010
Comment #2

ကောင်းတယ်ဗျ…………အစ်ကိုသက်ထွေးရေ

commentinfo By: moehetaung18 at Nov 14, 2010
Comment #3

အဖေါ်မရံပါဘူး။
လူတွေတော့ တပုံတပင်…. သူကြီးရေ

commentinfo By: Za TaGwel at Nov 15, 2010
Comment #4

သက်တမ်းစေ့သွားတဲ့
တံခါးပါ ..
စေ့ရုံပဲစေ့ထားရတယ် …
ခြေသံကြားတိုင်း ချောင်းချောင်းကြည့်
သော့ခတ်မယ့်သူကို မျှော်နေမိတယ်။

commentinfo By: အမရာ at Nov 16, 2010
Comment #5

ကိုယ့်ချစ်သူကို
ကိုယ့်လက်ထဲက
ပြန်ကယ်တင်ရတဲ့ အခန်း

အဲသည့်အခန်းထဲ ကျုပ်ကိုဘာလို့
နောက်တစ်ခေါက် ၀င်ခိုင်းရတုန်း သူကြီးရယ်။
ကျုပ်လက်ထဲက
ကျုပ်ချစ်သူကို
ဒါနဲ့ …. သီတာကိုလဲ လက်ပူတိုက်ပါဦး သူကြီး။
😛
သူကြီး အရေးအသား နှစ်ခါဖတ်တော့ ထပ်သွားပေမဲ့ အဲသည့်အခန်းထဲဝင်ရတာ ရင်ခုန်တုန်း ဗျ… သူကြီးရ

commentinfo By: Za TaGwel at Nov 16, 2010
Comment #6

ကြိုက်တယ် ကြိုက်တယ်…
“ပြန်လာပါပြီ” ကနေပြီးတော့ “ကျွန်တော်ပြန်လာပါပြီ” ထိ ကြိုက်ကြိုက် ******************* 777777 77
(:

/*************************************************/
(မကျီစယ်ပါနဲ့)
နေ့ခင်းမှာ လင်းချင်တဲ့ကြယ်ကလည်း
ခရီးသည်ပါပဲ …
ကိုယ့်အမြီးကိုယ် မီးနဲ့ညှိ
(ကောင်းကင်ကြီး)
တောက်ပနေတာကို ကြည့်ချင်မိမှာပဲ။

သက်တမ်းစေ့သွားတဲ့
တံခါးပါ ..
စေ့ရုံပဲစေ့ထားရတယ် …
ခြေသံကြားတိုင်း ချောင်းချောင်းကြည့်
သော့ခတ်မယ့်သူကို မျှော်နေမိတယ်။

မျက်လုံးတစ်မှိတ်
သောက်နေကျ ကော်ဖီလေး ဖိတ်သွားတယ် ..
လွယ်နေကျ လွယ်အိတ်လေးထဲက ည
အဖတ်ဆယ် မရတော့ဘူး။

အထီးကျန်တယ်ဆိုတာ
နေရာအမှန်ကို
အဖေါ်မရံပဲ
ခရီးသည်ဆန်ဆန် ပြန်လာရခြင်းပါပဲ။

အားကြီးအားကြီး****************77777777777777 ကြိုက်ကြိုက် အဲအပိုဒ်လေးတွေ အားကြီးကို ကြိုက်..

commentinfo By: ဖြိုးဖြိုး at Nov 18, 2010
Comment #7

လုပ်ကြပြန်ပြီ….သူတို့ရေးထားတဲ့အတိုင်းပဲ ဗျို့..
ကျွန်တော့်အတွက် ကြိုက်တယ်ဆိုတာကလွဲလို့ ပြောစရာကိုမကျန်တော့ဘူး…. 😀

commentinfo By: ic23u0 at Nov 18, 2010
Comment #8

အလွမ်းဆိုတာ
မျက်လှည့်ပွဲတစ်ခုဆိုပါစို့ …
ဖဲချပ်တွေ ဖွက်ပြ …
(ကိုယ့်ကိုယ်ကို) ကြိုးနဲ့ တုတ်ပြ …
ယုန်လေး ထုတ်ပြ …
နှင်းဆီပန်းလေး ပွင့်ပြ ..
မြင်သာအောင်
(ကိုယ့်)ရင်ဝ မြားနဲတည်ပြီး
ပစ်ပြရတဲ့အခါတွေလည်းရှိတာပေါ့။

အဲဒီနေရာကို ပိုကြိုက်တယ်
creative ဖြစ်တယ်
လန်းတယ်

commentinfo By: ကိုဇင် at Nov 22, 2010
Comment #9

အထီးကျန်တယ်ဆိုတာ
နေရာအမှန်ကို
အဖေါ်မရံပဲ
ခရီးသည်ဆန်ဆန် ပြန်လာရခြင်းပါပဲ။ အရမ်းမိုက်တယ်။

commentinfo By: terry at Nov 25, 2010
Comment #10

mike de

commentinfo By: ei lay at Nov 8, 2011
Comment #11

ကြိုက်တယ်ဗျာ….။

commentinfo By: zawthetoo at Jan 31, 2012
Comment #12

ကဗျာက စကားလုံးတွေစီးမျောထားပုံ အရမ်းလှတယ်
ဒီ့ထက်ပြောချင်ပါသေးတယ် ဒါပေမယ့် ဒီလောက်ဘဲပြောတတ်တယ်ဗျာ ။

commentinfo By: X - ray at Feb 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment