Professional Authors

မုန်းလို့ဝရင် ပြန်လာပါ….

တိမ်တွေပေါ်လမ်းလျှောက်ရင်း
လေထဲမှာအိမ်ဆောက်ခဲ့တယ်….
ရေပေါ်မှာ ဆွဲတဲ့ပန်းချီကား
ထာဝရတည်မြဲမယ်ထင်မိတဲ့အချိန်
ရုတ်တရက်ရွာချလိုက်တဲ့မိုးက
အငြိုးကြီးလွန်းပါတယ်…..

လက်တွေ့မကျတဲ့ ငါ့ဘ၀ထဲ….
မာယာဆိုတာတွေလွင့်ပျံချိန်…
ပြက္ခဒိန်ပေါ်က အလွမ်းတွေ..
အလန့်တကြားနိုးထလာချိန်..
နှလုံးသွေးတွေ မနွေးထွေးတော့အချိန်မှာ
စည်းမခြားဘဲ ဝေးသွားခဲ့ပြီ……….

ကိုယ်တိုင်မသိတဲ့အပြစ်…
ခွင့်မလွှတ်နိုင်တဲ့နင်…
ကံတရားရဲ့ မျက်လှည့်ပြကွက်နဲ့အတူ
လွဲမှားမှုတွေကြား
အဖြေရှာချိန်တောင်မရလိုက်ပါလား…..

နှလုံးသားတစ်ခုလုံး ငိုပွဲဆင်…
အသွေးအသားတစ်ခုလုံး ကြေကွဲနေရချိန်
ဖြည်းဖြည်းချင်းမျှဉ်း သတ်နေတဲ့
မင်းရဲ့အမုန်းတွေက..
သိပ်ပြင်းထန်လွန်းတယ်…

မျှော်လင့်နေမယ်…
နင်ယုံကြည်လာမယ့်တနေ့…
အပြစ်မဲ့နှလုံးသားတစ်ခု
ကြိုးစင်တင်ခံလိုက်ရတာကို
မင်းသိလာမယ့်တနေ့ကို
ငါ..ဆက်ဆက်စောင့်မယ်…
ငါ့အချစ်တွေ မင်းအပေါ်…
ဖြူစင်ခဲ့တာ……..          
နှလုံးသားနဲ့ရင်းပြီး ငါ..သက်သေပြမယ်…

အဝေးဆုံးကိုလှည့်ထွက်သွားတဲ့နင်
မုန်းလို့ဝရင်… ပြန်လာခဲ့ပါ…
ဒဏ်ရာတွေနဲ့ နာကျင်နေပေမယ့်….
ငါ့အချစ်တွေကဖြူစင်နေတုန်းပါ
ချစ်သူရာ…….။               ။

In: ကဗျာ Posted By: Date: Jan 30, 2012
Comment #1

အဝေးဆုံးကိုလှည့်ထွက်သွားတဲ့နင်
မုန်းလို့ဝရင်… ပြန်လာခဲ့ပါ…

commentinfo By: emayar at Jan 30, 2012
Comment #2

နောက်ထက်ဆက်ဖတ်ချင်သေးတယ်

commentinfo By: ကျော်ထွဋ်လွင် at Jan 30, 2012
Comment #3

so nice.
i like both title & poem so much,

commentinfo By: ei lay at Jan 30, 2012
Comment #4

ဖြည်းဖြည်းချင်းမျှဉ်း သတ်နေတဲ့
မင်းရဲ့အမုန်းတွေက..
သိပ်ပြင်းထန်လွန်းတယ်…

commentinfo By: kantkawmg at Jan 30, 2012
Comment #5

အဝေးဆုံးကိုလှည့်ထွက်သွားတဲ့နင်
မုန်းလို့ဝရင်… ပြန်လာခဲ့ပါ…
ဒဏ်ရာတွေနဲ့ နာကျင်နေပေမယ့်….
ငါ့အချစ်တွေကဖြူစင်နေတုန်းပါ
ချစ်သူရာ…….။
သိပ်မှန်တာပေါ့ဗျာ……အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jan 31, 2012
Comment #6

လက်တွေ့မကျတဲ့ ငါ့ဘ၀ထဲ….
မာယာဆိုတာတွေလွင့်ပျံချိန်…
ပြက္ခဒိန်ပေါ်က အလွမ်းတွေ..
အလန့်တကြားနိုးထလာချိန်..
နှလုံးသွေးတွေ မနွေးထွေးတော့အချိန်မှာ
စည်းမခြားဘဲ ဝေးသွားခဲ့ပြီ……….

commentinfo By: zawthetoo at Jan 31, 2012
Comment #7

ကိုယ်တိုင်မသိတဲ့အပြစ်…
ခွင့်မလွှတ်နိုင်တဲ့နင်…
ကံတရားရဲ့ မျက်လှည့်ပြကွက်နဲ့အတူ
လွဲမှားမှုတွေကြား
အဖြေရှာချိန်တောင်မရလိုက်ပါလား…..
Nice poem….

commentinfo By: ကေသရီ at Jan 31, 2012
Comment #8

မုန်းလို့ဝရင် ပြန်လာပါ တဲ့
ခေါင်းစဉ်က ရေရေလည်လည်ဆန်းတာဘဲ
ကဗျာကလည်း အရေးအဖွဲ့ကောင်းတယ် ၊ စကားလုံးတွေလည်း အချိတ်အဆက်ရှိတယ်
ကျွန်တော်တော့ဒီလောက်ပဲ ဥာဏ်မှီတယ်ဗျာ ။

commentinfo By: X - ray at Feb 9, 2012
Comment #9

really really excellent.
tears on my face now.

commentinfo By: ei lay at May 6, 2012
Comment #10

ချီးကျူးပါတယ်ဗျာ ….ကဗျာရဲ့ ခေါင်းစဉ်လေးက ကို အရမ်း ပြောင်မြောက်နေတယ်နော်………..ပေးလည်းပေးတတ်ပါရဲ့ သူ့ နာမည် မခင်နှင်းဆီ …အယ်ဟုတ်ပါဘူး ..သီချင်းစာသားကိုသွားအမှတ်ရနေသေးတယ်…………..ပေးလည်းပေးတတ်ပါတယ်နော်…….ဘာတဲ့ မုန်းလို့ ဝရင်ပြန်လာပါတဲ့ ….တကယ်ကိုကြိုက်ပါတယ်…စောစောစီးစီးမဖတ်မိလိုက်ရတာကိုပဲ ဝမ်းနည်းမိပါတယ်။…ခေါင်းစဉ်လေးကို ပဲ အရမ်းလည်းသဘောကျမိပါတယ်ဗျာ…………..

commentinfo By: kochan at May 6, 2012
Comment #11

အဝေးဆုံးကိုလှည့်ထွက်သွားတဲ့နင်
မုန်းလို့ဝရင်… ပြန်လာခဲ့ပါ…
ဒဏ်ရာတွေနဲ့ နာကျင်နေပေမယ့်….
ငါ့အချစ်တွေကဖြူစင်နေတုန်းပါ
ချစ်သူရာ…….။ ။

commentinfo By: ma at May 15, 2012
Comment #12

မုန်းလို့ဝရင် ပြန်လာခဲ့ပါ

commentinfo By: နွေ at May 10, 2013
Comment #13

ကဗျာရဲ့ အစအဆုံး အကုန်ကြိုက်တယ် အရမ်းတော်တယ် အားတောင်ကျမိတယ် ခံစားချက်တွေကိုပုံဖော်နိုင်တယ်
အဲဒီကဗျာထဲက နင် ဆိုတဲ့ လူသာဖတ်ခွင့်ရရင် ပြန်လာပြီးမုန်းမှာ
မဟုတ်ဘူး ခွင့်လွတ်ပြီးချစ်မယ့်လူဖြစ်သွားလိမ့်မယ်

commentinfo By: myintzaw at May 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment