Professional Authors

အလင်းခြောက်

အလင်းခြောက်

မနက်မှာ နိုးထမယ့်
နေရောင်ခြည်နဲ့ 
ငါ့ ရဲ့ အတောင်ပံထဲက
မောဟတွေကို ခါထုတ်

အိပ်မက်ဟာ အိပ်မက်ထဲမှာ
ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့
ညအချို့ ရဲ့ လက်တံရှည်တွေက
နေ့ ရက်တွေကို မိုးအုံ့ စေခဲ့

အမှားကို ကြက်ခြေခတ်နဲ့
သက်သေထူရင်း
ငါပဲ သိတဲ့ နံနက်မှာ
နေခြည်က အိပ်ရာထ နောက်ကျလို့ …။

မိုးအိမ်

In: ကဗျာ Posted By: Date: Aug 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment