Professional Authors

ကိုယ့်ကိုကိုယ်သနားတယ်(genius)

အလွမ်းတွေထပ်နေတဲ့
အလွမ်းသင့်ကဗျာတွေ
သီကုံးထားပြီ
မင်းမြင်သာအောင်
ပြလိုက်ရမှာ…
ကိုယ့်ကိုကိုယ်သနားတယ်။

အချစ်တွေများနေတဲ့
အချစ်ငတ်ကဗျာတွေ
သီကုံးထားပြီ
မင်းမြင်သာအောင်
ပြလိုက်ရမှာ…
ကိုယ့်ကိုကိုယ်သနားတယ်။

အရှုံးတွေပေကျံနေတဲ့
အယူခံကဗျာတွေ
သီကုံးထားပြီ
မင်းမြင်သာအောင်
ပြလိုက်ရမှာ…
ကိုယ့်ကိုကိုယ်သနားတယ်။

နောက်ပြီး…..
အဆိပ်သင့်နေတဲ့
ငါ့ရင်ဘတ်ကြီးကိုလည်း
မင်းမြင်သာအောင်
ပြလိုက်ရမှာ…
သနားမိပါတယ်.ချစ်သူ။

In: ကဗျာ Posted By: Date: Jul 6, 2011
Comment #1

တစ်ပုဒ်လုံး ပြောစရာမရှိအောင်ကောင်းတယ်…. ငါ့ညီရေ…။
အစ်ကို အားပေးနေတယ်…။ ဆက်ရေးပါဦး ဒါမျိုးလေးတွေများများလေး…။

Comment #2

မှန်တယ်…………….
မင်း ကိုယ့်ကိုယ်ကို သနားရမှာ။ အမ အသဲကွဲမိုးနဲ့ ငါက မင်းကို သနားဖို့ ပြောထားပြီးသားပါ……………။
ကောင်းတယ်ဟေ့…………..

ဆက်လုပ်ထား။

commentinfo By: စောရယ် at Jul 6, 2011
Comment #3

အားပေးသွားတယ်နော်….

commentinfo By: ချမ်းငြိမ်းအာင် at Jul 6, 2011
Comment #4

အားပေးသွားတယ်နော်…..

commentinfo By: ချမ်းငြိမ်းအာင် at Jul 6, 2011
Comment #5

အမြဲအားပေးနေပါတယ်……မောင်လေး

commentinfo By: အသဲကွဲမိုး at Jul 7, 2011
Comment #6

နောက်ပြီး…..
အဆိပ်သင့်နေတဲ့
ငါ့ရင်ဘတ်ကြီးကိုလည်း
မင်းမြင်သာအောင်
ပြလိုက်ရမှာ…
သနားမိပါတယ်.ချစ်သူ။
Good

commentinfo By: အောင်ရဲသူ at Jul 7, 2011
Comment #7

အားပေးတဲ့ညီအစ်ကိုမောင်နှမများအားလုံးကျေးဇူးတင်ပါတယ်။

commentinfo By: poem.poem28 at Jul 8, 2011
Comment #8

အိုးဟိုး…..ကောင်းတယ်၇ဲမင်းေ၇….ဒါပေမယ့် အောက်က ကွန်မန့်ကတော့ မဆီမဆိုင်ပါပဲ….ဘယ်က ပေါက်လာတာလဲ….

commentinfo By: အလင်းေ၇ာင် at Jul 12, 2011
Comment #9

koh ko koh pe ta nar nay de,
main ka lay ko le ta nar like par ong.
he,,he,,
thu le ti chin shar hmar pop loh.

commentinfo By: ei lay at Jul 25, 2011
Comment #10

har,,,,,
har,,,,
a khu hma phat mi twar de kwar…
tay like par dot….

a lin yaung,,,
a lin yaung,,,
a lin taung,,,,
pa lin taung,,,

he,,he,,,
be ya ma le,,,
kyay twar p naw.

commentinfo By: ei lay at Aug 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment