Professional Authors

ဘူကဗျာ (သက်ထွေး)

ကဗျာတစ်ပုဒ်
ရေးဖြစ်ဖို့….

ခေါက်တုံ့ခေါက်ပြန်
စဉ်းစား ဆင်ခြင်ခြင်းက ၂၀%

နာကျင်ခြင်းထဲက
ပြန့်ကျဲဆဲ စကားလုံးများ မရမက
ရှာဖွေခြင်းက ၃၂%

ဆွံ့အသိမ်ငယ်တတ်သော
နှလုံးသားအား
အားသွင်းသော ဗို့အားက ၅%

ပလိုင်းထဲက အလွမ်းတွေထုတ်
တဒုတ်ဒုတ်နဲ့
နုတ်နုတ်စင်းခြင်းက ၁၃%

တောက်တစ်ချက် ခေါက်ပြီး
ဆေးလိပ်တစ်ဘူး ဖေါက်ခြင်းက ၉%

အချစ်တွေကို ဘေးဖယ်ပြီး
အမုန်းတွေကို ရွေးချယ်ခဲ့ခြင်းက ၁၁%

နောက်ဆုံး
လောကကိုဆူဆဲ
ကဗျာတစ်ပုဒ်လဲ ၁၀% နှင့်ဘူဖဲ ဖြစ်ခဲ့သည်။

သက်ထွေး
ဒီဇင်ဘာ ၁၆ ၂၀ဝ၇ ည ၈း၄၀

In: ကဗျာ Posted By: Date: May 17, 2010
Comment #1

ဘူကဗျာကို အားပေးခြင်းက ၁၀၀%
(:

commentinfo By: melodyphyO at May 17, 2010
Comment #2

အရေးအသားနဲ့ တွေးစာသားတွေကို ကြိုက်တယ်ဗျာာ.။ လုပ်ထားကိုယ့်လူရေ များများဖတ်ချင်တယ်။

commentinfo By: Angwei at May 17, 2010
Comment #3

မိုက်တယ်ကွာ…….

commentinfo By: ဒီလင်းအိမ် at May 18, 2010
Comment #4

ဖတ်တဲ့လူတွေတော့ ဘူ မဖြစ်ပါစေနဲ့ဗျာ
ကျွန်တော်လည်း ဖတ်မိသွားလို့ 
အဟီး

commentinfo By: ကိုဇင် at Nov 22, 2010
Comment #5

ဒီကဗျာလေး ကို ကြိုက်နှစ်သက်သွားပါတယ်

commentinfo By: အသဲကွဲမိုး at Mar 10, 2011
Comment #6

ဘူကဗျာကိုအားပေးဖို့အတွက် .. ၈၀ % ..
ကွန်မကောင်းလို့စောင့်နေတာက .. ၂၀ % ..ဟီးးးးးးး

commentinfo By: chityellusoelay at Aug 19, 2011
Comment #7

he,,he,,

commentinfo By: ei lay at Aug 19, 2011
Comment #8

အနော်က .ဒီကဗျာဖတ်ပြီး 100 % ဘူပဲ .. 🙂

commentinfo By: sharon myorr myor at Sep 29, 2011
Comment #9

၁၀၀ ရ်ာခိုင်းနှုန်း သဘောကျပါသည်

Comment #10

ဖတ်တဲ့ လူ ဘူ…..
နောက်တာနော်………………

commentinfo By: kyawnewun at Dec 9, 2011
Comment #11

အဲ…..
ဘယ်လိုအတွေးနဲ့များရးသားခဲ့တာလဲဗျ…။

commentinfo By: zawthetoo at Jan 31, 2012
Comment #12

ကိုသက်ထွေးကို မသိပေမယ့် အရမ်းလေးစာတယ်ဗျာ ။

commentinfo By: ZzzZ at Sep 8, 2013
Comment #13

အတော်လိုက်တာဗျာ

commentinfo By: cherry4cheery at Sep 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment