Professional Authors

ချစ်သော် သက်လျာ

ချစ်သော် သက်လျာ

နုနုရွရွ ဖူးဖူးကြွကြွ ဆန်းသစ်နေတဲ့
သန်းခေါင်ယံ စောင်းတစ်လက်ဟာ
ချစ်သူဆီက ကြွေကျလာတဲ့ စကားပွင့်လေးတစ်ပွင့်နှစ်ပွင့်နဲ့
အလွမ်းတေးတစ်ပုဒ်ကို ဆိုညည်းနေတော့
ဒီရင်ထဲ ၀မ်းနည်းမှုတွေ ကိုယ်ခွဲလို့
ခုန်ပေါက်နေမိတော့တယ်။

မျှမျှတတဖြစ်စေချင်တဲ့ ဆန္ဒအစိုင်အခဲလေးတွေ
မြေခကျပြန်တော့
ကိုယ့်ရင်ထဲ မကောင်းဖြစ်ရပြန်တယ်။

မျှော်လင့်ခြင်းအရောင်နုနုလေးနဲ့
ခပ်မှိန်မှိန်ဆေးချက်တင်ထားတဲ့ သံယောဇဉ်ကြိုးလေးပြတ်တောက်
သွားမှာ စိုးရွံလွန်းတော့
ပုန်းလျှိုးကွယ်လျှိုးနဲ့ မေတ္တာအိုးလေးကို
ထမ်းထားရင်း
ကြင်သူသက်ထားအား တစ်ခွန်းစကား
ချွေပါရစေ……….။

ကြင်နာလို့ …………ချစ်ပါရစေလား………………ကွယ်……….။

In: ကဗျာ Posted By: Date: Oct 10, 2010
Comment #1

♪♫… ကြင်နာလို့ ချစ်ပါရစေတော့… ♫♪
😛

commentinfo By: yusan at Nov 6, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment