Professional Authors

စက္ကူလေတံခွန်

ကိုနဲ့ မင်းက စက္ကူလေတံခွန်လိုပဲ
မင်းကရစ်ဘီး ဆိုရင် ကိုက
ဟိုးအဝေးကြီးကိုရောက်နေတဲ့ စက္ကူလေတံခွန်ပါ
မင်းနဲ့ ကိုကြားမှာ သံယောဇဉ် ဆိုတဲ့ မှင်စာကြိုးလေးပဲရှိတာပါ
တချိန်မှာ လေတိုက်လို့ ပဲဖြစ်ဖြစ်
ကြိုးလေးပြတ်တောက်သွားလို့ ပဲ ဖြစ်ဖြစ်
မင်းဘ၀မှာ လေတံခွန်စက္ကူလေး
နောက်ထပ်အသစ် တခု
မင်းထပ်တက်ချင်တက်လို့ ရပါတယ်
ကိုလည်းမင်းကိုနားလည်ပေးပါတယ် ချစ်သူရယ်

In: ကဗျာ Posted By: Date: Dec 14, 2010
Comment #1

အဲလိုတော့ မရဘူးလေဗျာ ကိုနှောင်းလူကလည်း လိပ်ပြာကတော့ လက်မခံဘူးဗျို့ . .

Comment #2

ဟုတ်ကဲ့ ကြိုးစားနေပါတယ် လိပ်ပြာရေ…….:)

commentinfo By: နှောင်းလူ at Dec 15, 2010
Comment #3

ကြိုးက ရစ်ဘီးအရင်းကပြတ်သွားခဲ့မယ်……
လေအရမ်းကြမ်းလို့ ရစ်ဘီးလေးပါကျကွဲသွားမယ်ဆိုရင်
နှောင်းလူဘာပြောမလဲဗျာ………။ ။

commentinfo By: moehtetaung18 at Dec 15, 2010
Comment #4

ခေါင်းငိုက်စိုက်ချလို့  အိမ်ပြန်ရုံပဲရှိတော့တယ်လေ နားလည်မှု အပြည့်အ၀ပေးထားလိုက်ပြီပဲ …… သူရွေးချယ်ပါလိမ့်မယ် ကို မိုးထက်ရေ

commentinfo By: နှောင်းလူ at Dec 15, 2010
Comment #5

အကောင်းဆုံးရွေးချယ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ…….

commentinfo By: moehtetaung18 at Dec 15, 2010
Comment #6

ကျေးဇူးပါ ကိုမိုးထက်ရေ……..

commentinfo By: နှောင်းလူ at Dec 15, 2010
Comment #7

ကျွန်တော်သာဆိုရင် လေတံခွန်ကို အိမ်လောက်လုပ်ပြီး သင်္ဘောချည်တဲ့ ကြိုးနဲ့ လွှတ်ခိုင်းမှာ….

commentinfo By: yinphyo at Jan 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment