Professional Authors

မကြာခဏရူးသွပ်ခြင်း

နာရီတွေ ပျောက်တဲ့
ညအမှောင်တွေခပ်များများက
ဘ၀ကို အပိုင်ယူထားပေမယ့်
အလင်းရောင် တချို့နဲ့
ငါ ပြန်ဆွဲဆွဲထုတ်နေတယ်.

ခြေလှမ်းတစ်ဘက်ရဲ့ရှေ့က
ချောက်နက်နက်တွေကိုလည်း
ရှောင်ကွင်းသွားလာနေရပြန်တယ်။

နာရီသံမမှန်တဲ့
အချိန်တွေကိုလည်း
သေဖော်ညှိဖို့ ကြိုးစားနေပြန်တယ်

အစီအစဉ်မရှိတဲ့
တွေဝေမှုတွေကိုလည်း
အချိန်ပြည့် တိုက်စားပစ်ပြန်တယ်

မသေချာတဲ့
လူ့လောကကြီးက
သေချာမှုတွေကိုလည်း သက်သေပြပြန်တယ်

အော်သံတွေ
လှောင်ရယ်သံတွေ
ငိုကြွေးသံတွေ ကိုလည်း ကြားယောင်နေပြန်တယ်

နီစွေးစွေး
အရောင်ခပ်များများကို
ရင်ဘတ်ထဲလောင်းထည့်
နဂိုအပူတွေကြားထဲက
အပူသည် ခပ်ရင့်ရင့်တယောက်ကို
ရှိုက်သွင်းနေပြန်တယ်။

သစ္စာလို့ တွင်တွင်ပြော
မေတ္တာတရားတွေ ဒရဟော စီးကျပြီး
ငွေတစ်ကျပ်တောင် မသထာတဲ့
ဘ၀အကြောင်းခပ်များများကို
အန်ထုတ်ပြစ်လိုက်တယ်.။…။

ကဲ.. အကြိမ်ကြိမ် ရူးနေတာပါပဲ။..။

In: ကဗျာ Posted By: Date: Dec 11, 2012
Comment #1

နာရီသံမမှန်တဲ့
အချိန်တွေကိုလည်း
သေဖော်ညှိဖို့ ကြိုးစားနေပြန်တယ်

commentinfo By: မေပျို at Dec 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment