Professional Authors

ကျိန်စာ – နရီထက်

ခရာတော် တစ်ချက်အသံအက်အက်မှာ
တိမ်ညိုတွေ တလိပ်လိပ် စီးကျလာတယ်
မြေပြင်ကို ခစားလာမဲ့ စီးလျှပ်တွေက ထပ်ကြပ်မကွာ ကျသက်လာမယ်

တစ္တေတစ်ကောင်ကို ခစားခေါ်
ဝတ်ရုံနက်ကို သခင်လို အခေါ်ခံရချိန်မှာ
နောက်ကျောမှာ ပုဆိန်ခုတ်ချက်တွေနဲ့
အမြင်အာရုံ မှိုင်းပြပြမှာ အသံတစ်ခုကို အစွဲပြုနေပြန်တယ်

မေတ္တာနဲ့ စူးခဲ့ကြတဲ့ အတိတ်ကို
သင်ရှေ့မှာ လာပြမယ့် တစ္ဆေနက်လို့ ပြန်မထူးဘူး
အရိပ်တွေ နီးနီးကပ်ကပ်လိုက်လာပေမဲ့
နံရံထက်မှာ နိမိတ်လာပြဖတ်နေတယ်
နားတွေ မျက်စေ့တွေ ရှိနေတယ်

ဂယက်တစ်ခု ဆွဲခေါ်ပြီးမှာ
လှိုင်းထလာမဲ့ စိတ်တွေကို ဘယ်သောင်ပြင်က လက်သင့်ခံမှာလဲ
ကျေပါစေလို့ ထပ်အော်မိတဲ့ချိန်မှာ
နာကြည်းချက်တစ်စုံတစ်ရာက လောင်မြိုက်နေပြန်တယ်

ပေးဆပ်တဲ့ အသည်းနှလုံးသားကို
ဖောက်ထွင်ပြီး လက်ကိုင်မြှောက်လိုက်တယ်
အော်ဟစ်သံတွေကြားမှာ ကျိန်စာ… ကျိန်စာ…
သဲသဲကွဲကွဲ မပီပြင် ရေရွတ်လိုက်တယ်။      ။

နရီထက်
( ၁၀ ၊ ဖေဖော်ဝါရီလ ၊ ၂၀၁၂ )

In: ကဗျာ Posted By: Date: Feb 10, 2012
Comment #1

ပေးဆပ်တဲ့ အသည်းနှလုံးသားကို
ဖောက်ထွင်ပြီး လက်ကိုင်မြှောက်လိုက်တယ်
အော်ဟစ်သံတွေကြားမှာ ကျိန်စာ… ကျိန်စာ…
သဲသဲကွဲကွဲ မပီပြင် ရေရွတ်လိုက်တယ်။

commentinfo By: May Kha at Feb 10, 2012
Comment #2

ပေးဆပ်တဲ့ အသည်းနှလုံးသားကို
ဖောက်ထွင်ပြီး လက်ကိုင်မြှောက်လိုက်တယ်
အော်ဟစ်သံတွေကြားမှာ ကျိန်စာ… ကျိန်စာ…
သဲသဲကွဲကွဲ မပီပြင် ရေရွတ်လိုက်တယ်။ ။

commentinfo By: zawthetoo at Feb 10, 2012
Comment #3

တစ်ပုဒ်လုံးကြိုက်တယ်အကိုကြီး…..

commentinfo By: myintmo at Mar 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment