Professional Authors

ကံစမ်းမဲ

ကံစမ်းမဲ

***တံခါးလေး တစ်ချပ် ဖွင့်လိုက်ရုံ
ရွေးချယ်စရာတွေက တောင်ပုံရာပုံ………။
*
**အာမခံ သက်တမ်း ဘယ် နှစ်, နှစ် ပေးပါသလဲ

ဘယ်အရာတွေကို ပိုင်ဆိုင်ခွင့်ရပြီး

ဘယ်အရာတွေကို စတေးရမှာပါလဲ……….။

***ခံစားချက် လောင်စာတွေ ပြာချလိုက်ပါ

model ခပ်မြင့်မြင့်ဘ၀မှာတော့

အရာရာကို update လုပ်ဖို့ လွယ်ကူမှာပါ

နောက်ဆုံးပေါ် virus တစ်ချို့တော့

ရောကောသောကော ပါဝင်မယ်

ဒါဟာ…. speed ခပ်များများ
သိပ်သည်းမှုတွေကောင်းတဲ့

တန်ဖိုးမြင့် နေထိုင်မှု အတတ်ပညာ………….။

*** အစဉ်အလာ အနံ့အသက့်တစ်ချို့

ဝေ့သီနေတဲ့ လမ်းအိုဟောင်းလေးတစ်ခု

ခေါက်ရိုးကျိုး ဒီခရီးဟာ

\’\’တစ်\” နဲ့ \”နှစ်\” ပေါင်းတိုင်း
\”သုံး\” ရကြောင်း သက်သေ ပြစရာ မလိုဖူး

ကုထုံးသစ်တွေလည်း ဂရုစိုက်စရာ မလိုဖူး
ရိုးအီရေ တစ်ခွက်သောက်ရုံနဲ့
ရှင်သန်နိုင်တဲ့ ဘ၀ကမ္ဘာ…………..။

*** တံခါးလေးတစ်ချပ်ရဲ့

ဟို ဒီ တစ်ဘက်စီမှာ

ဘယ်ဟာက လောက နိဗ္ဗာန်လဲ?

ဘယ်ဟာက စစ်မှန်တဲ့ သုခဘုံလဲ?

*** ကဲ!!!!!

တံခါးလေးတစ်ချပ် ဖွင့်လိုက်ရုံ

ရွေးချယ်စရာတွေက တောင်ပုံရာပုံ……………..။

(August\’2008)

(တစ်ခါ.. တစ်ခါ. ပြန်.. ပြန်တွေးမိတယ်…
ဘာလို့.. ဒီ တံခါးကို ဖွင့်ပြီး ဒီလမ်းကိုလျှောက်ခဲ့မိပါသလဲလို့…)

(ဂျွန်မိုးအိမ်)

In: ကဗျာ Posted By: Date: Jun 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment