Professional Authors

ပါနိုရားမား (panorama) – သက်ထွေး

အနီးအနားမှာ
အ၀ါရောင် မြက်ခင်း ..
အစိမ်းရောင် လေပြည်ညင်း ..
အဖြူရောင် ငွေခြေကျင်းနဲ့
အပြာရောင် တွေဝေခြင်းများ ..

မလှမ်းမကမ်းမှာ
အရိုးစွဲ သင်္ကေတ ..
နာယူဆဲ ခံယူချက် ..
ကျွံဝင်မြဲ ဒေါက်ဖိနပ်နဲ့
နှုတ်ယူဆဲ မှားယွင်းမှုများ ..

မျက်ကွယ်မှာ
ခြစ်ယူဆဲ အတ္တ ..
ရစ်ဝဲမြဲ အာဃတ ..
ပြင်ယူဆဲ သဘာဝနဲ့ ..
ဆင်တူကွဲ မောဟလာဘများ ..

(မျက်လုံးညောင်းလာတာနဲ့)
ခဏနားနေလိုက်တယ် ..
မှန်ပြောင်းကတော့
ဂြိုဟ်နံပါတ်သုံးမှာ
ဒုက္ခအသစ်အဆန်းတွေ
ဆက်ကြည့်နေလေရဲ့။ ။

သက်ထွေး
၇ရက် ဖေဖေါ်ဝါရီလ ၂၀၁၁ ညနေ ၅း၃၆

In: ကဗျာ Posted By: Date: Feb 17, 2011
Comment #1

မလှမ်းမကမ်းမှာ
အရိုးစွဲ သင်္ကေတ ..
နာယူဆဲ ခံယူချက် ..
ကျွံဝင်မြဲ ဒေါက်ဖိနပ်နဲ့
နှုတ်ယူဆဲ မှားယွင်းမှုများ ..

မျက်ကွယ်မှာ
ခြစ်ယူဆဲ အတ္တ ..
ရစ်ဝဲမြဲ အာဃတ ..
ပြင်ယူဆဲ သဘာဝနဲ့ ..
ဆင်တူကွဲ မောဟလာဘများ .

commentinfo By: ရွှေငါး at Feb 17, 2011
Comment #2

အနီးအနားမှာ
အ၀ါရောင် မြက်ခင်း ..
အစိမ်းရောင် လေပြည်ညင်း ..
အဖြူရောင် ငွေခြေကျင်းနဲ့
အပြာရောင် တွေဝေခြင်းများ ..

မလှမ်းမကမ်းမှာ
အရိုးစွဲ သင်္ကေတ ..
နာယူဆဲ ခံယူချက် ..
ကျွံဝင်မြဲ ဒေါက်ဖိနပ်နဲ့
နှုတ်ယူဆဲ မှားယွင်းမှုများ ..

/*
အဲလိုအတွဲလေးတွေက အရမ်းသဘောကျဖို့ကောင်းတယ်.. နောက်ဆုံးအပိုဒ်လေးကိုလည်း သဘောကျတယ်.. (:

အမြဲတမ်း အများကြီးကောင်းနေလို့ “သဘောကျတယ်၊ကြိုက်တယ်” လို့ပြောရတာတောင် အားငယ်လာသလိုလိုပဲ..
ဒါပေမယ့်လည်း ရဘူး ထပ်ပြောသွားမယ်.. ကဗျာလေးကို ခေါင်းစဉ်ကနေပြီးတော့ တစ်ခုလုံးကြိုက်တယ်..
*/

commentinfo By: ဖြိုးဖြိုး at Feb 17, 2011
Comment #3

အနီးအနားမှာ
အ၀ါရောင် မြက်ခင်း ..
အစိမ်းရောင် လေပြည်ညင်း ..
အဖြူရောင် ငွေခြေကျင်းနဲ့
အပြာရောင် တွေဝေခြင်းများ ..

ဖတ်ကြည့် ..
ကြိုက်မိ ..
ကူးယူသွားပါသည်။

commentinfo By: sundywai at Feb 17, 2011
Comment #4

ကြိုက်တယ်အစ်ကို
🙂

commentinfo By: anatyong at Feb 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment