Professional Authors

ပြောချင်မိတာတွေ (သက်ထွေး)

အခမ်းနားဆုံး
ပြင်ဆင်ခဲ့တယ် …
တစ်နေရာရာကို ခေါ်သွားပါ …
တစ်ယောက်ယောက်နဲ့ ပေးတွေ့ပါ …
တစ်ခုခု မေးပါ …
မှန်ပါတယ်
ဘယ်သန်ပါ …
တစ်ယူမသန်ပါဘူး …
စိတ်ကူးတွေရှိပါတယ် …
ဗိုသီဗတ်သီပါပဲ
အစီအစဉ်တကျပဲ ကျရှုံးကြည့်ချင်ပါတယ် …
ပုရွက်ဆိတ်လို နှာခေါင်းမျိုးနဲ့
လာလာ မရှုံ့ပါနဲ့ …
ထင်သလိုပဲ
မွှေးလွန်းတဲ့ ရေမွှေးတွေက
ခါးလွန်းပါတယ် …
တစ်ကျိုက်လောက်ငှဲ့ပါ …
အားရပါးရရယ်ပါ …
တစ်ခေါက်လောက်ဖြစ်ဖြစ် …
အလှည့်စားလွယ်လွန်းတဲ့ မျက်လုံးတွေ
ယုံကြည်ဖူးပါစေ ..
အဆင်မပြေရင်
ပြန်လာလဲပါ …
ကမ္ဘာမှာ အစားထိုးမရနိုင်တာ
အမေနဲ့ မျက်ရည်ပဲရှိပါတယ် …
ခေါင်းညိတ်လိုက်ရန် ခက်ခဲလွန်းတဲ့အခါ
လှည့်ထွက်သွားမယ်ဆိုလည်း
သွားပါ …
တစ်နိုင်တစ်ပိုင် ညနေခင်းတွေ
သယ်လာဖို့ရာ
နည်းနည်း စောလွန်းပါသေးတယ် …
ရင်ဘတ်ချင်းမနီးနိုင်တဲ့အခါ
ရင်ခုန်သံချင်းဝေးလိုက်ကြရုံပါပဲ။ ။

သက်ထွေး
၁၇ မတ်လ ၂၀၁၁ နေ့လည် ၁၂း၁၇

In: ကဗျာ Posted By: Date: Mar 19, 2011
Comment #1

အခမ်းနားဆုံး
ပြင်ဆင်ခဲ့တယ် …
တစ်နေရာရာကို ခေါ်သွားပါ …
တစ်ယောက်ယောက်နဲ့ ပေးတွေ့ပါ …
တစ်ခုခု မေးပါ …
မှန်ပါတယ်
ဘယ်သန်ပါ …
တစ်ယူမသန်ပါဘူး …
စိတ်ကူးတွေရှိပါတယ် …
ဗိုသီဗတ်သီပါပဲ
အစီအစဉ်တကျပဲ ကျရှုံးကြည့်ချင်ပါတယ် …

/*ပြောချင်မိတာတွေကို ငေးပြီး နားထောင်သွားပါသည်.. */

အားရပါးရရယ်ပါ …
တစ်ခေါက်လောက်ဖြစ်ဖြစ် …
အားရပါးရရယ်ပါ …
တစ်ခေါက်လောက်ဖြစ်ဖြစ် …
အားရပါးရရယ်ပါ …
တစ်ခေါက်လောက်ဖြစ်ဖြစ် …

/*အဲ့နှစ်ကြောင်းကို အကြိမ်အကြိမ် ရွတ်နေမိလိုက်လို့ သုံးခါတောင်ရေးသွားတာာာ*/

ကမ္ဘာမှာ အစားထိုးမရနိုင်တာ
အမေနဲ့ မျက်ရည်ပဲရှိပါတယ် …

/* မှန်လွန်းတယ် (: */

ခေါင်းစဉ်လေးမှ အစ ကဗျာတစ်ပုဒ်လုံးကို အများကြီးကို ကြိုက်တယ်…
big big clappinggggggggggggg***************777777777777777777777

commentinfo By: ဖြိုးဖြိုး at Mar 19, 2011
Comment #2

Hi

commentinfo By: Nyi Khant at Mar 19, 2011
Comment #3

အဆင်မပြေရင်
ပြန်လာလဲပါ …
ကမ္ဘာမှာ အစားထိုးမရနိုင်တာ
အမေနဲ့ မျက်ရည်ပဲရှိပါတယ် …
ခေါင်းငြိမ့်လိုက်ရန် ခက်ခဲလွန်းတဲ့အခါ
လှည့်ထွက်သွားမယ်ဆိုလည်း
သွားပါ …
တနိုင်တပိုင် ညနေခင်းတွေ
သယ်လာဖို့ရာ
နည်းနည်း စောလွန်းပါသေးတယ် …
ရင်ဘတ်ချင်းမနီးနိုင်တဲ့အခါ
ရင်ခုန်သံချင်းဝေးလိုက်ကြရုံပါပဲ။ ။
အရမ်း ကောင်း လို့  ထပ်ခါ ထပ်ခါ ဖတ်ဖြစ်လိုက် တယ် ကိုသက်ထွေး ရေ။

commentinfo By: sayarchit.ple at Mar 19, 2011
Comment #4

တပုဒ်လုံးကြိုက်သွားပါတယ်…

commentinfo By: အမရာ at Mar 20, 2011
Comment #5

ကမ္ဘာမှာ အစားထိုးမရနိုင်တာ
အမေနဲ့ မျက်ရည်ပဲရှိပါတယ် …
very good 🙂

commentinfo By: chocolate at Aug 21, 2011
Comment #6

ကမ္ဘာမှာ အစားထိုးမရနိုင်တာ
အမေနဲ့ မျက်ရည်ပဲရှိပါတယ် …
ခေါင်းညိတ်လိုက်ရန် ခက်ခဲလွန်းတဲ့အခါ
လှည့်ထွက်သွားမယ်ဆိုလည်း
သွားပါ …
တစ်နိုင်တစ်ပိုင် ညနေခင်းတွေ
သယ်လာဖို့ရာ
နည်းနည်း စောလွန်းပါသေးတယ် …
ရင်ဘတ်ချင်းမနီးနိုင်တဲ့အခါ
ရင်ခုန်သံချင်းဝေးလိုက်ကြရုံပါပဲ။ ။

commentinfo By: chocolate at Jul 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment