Professional Authors

ခရီးသွားယောကျာင်္း

မနက်ဖြန်အတွက်
အထုပ်အပိုးတွေနဲ့ 
ရာသက်ပန်
အဆုံးမရှိတဲ့လမ်း………။

ငါ့ကျောပေါ်မှာ
အတိတ်တွေလဲပါရဲ့ ……….
အချစ်တွေလဲပါရဲ့ ……….
အလွမ်းတွေလဲပါရဲ့ ……..
အသေမသပ်ထုပ်ပိုးထားတဲ့
သတိရခြင်းတွေလဲ ပါရဲ့ ……။

နောက်ဆုံးပန်းတိုင်မှာ
ငြိမ်းချမ်းမှုတွေ
အေးချမ်မှုတွေ
ပြည့်နေလိမ့်မယ်လို့ 
ဘယ်သူ အာမခံမလဲ…။

နေ့ တွေ ကပဲငါ့ကို စားနေသလား
ငါကပဲ နေ့ တွေကိုစားနေသလား….
တစ်ခုခုကတော့သွားနေမြဲပဲ……။

In: ကဗျာ Posted By: Date: Oct 22, 2011
Comment #1

တစ်ခုခုကတော့သွားနေမြဲပဲ……။…။

commentinfo By: SoFarAwayFromU at Oct 22, 2011
Comment #2

သွားလိုက်အုံးမယ်ဗျာ…။ အားပေးသွားပါတယ်..။

commentinfo By: tayarkoko at Oct 22, 2011
Comment #3

နေ့ တွေ ကပဲငါ့ကို စားနေသလား
ငါကပဲ နေ့ တွေကိုစားနေသလား….
တစ်ခုခုကတော့သွားနေမြဲပဲ……။

commentinfo By: anatyong at Oct 22, 2011
Comment #4

🙂

commentinfo By: ei lay at Mar 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment