Professional Authors

မေတ္တာ

ငါတို့ တွေ့ဆုံ လောကဘုံဝယ်
စုံမက်မြတ်နိုး ချစ်ဆတိုးလည်း
အိုးထိမ်းစက်ပမာ သံသရာ၌
မြူခိုးပျောက်ရှ တစ်ခဏတည်း…

တွေ့လာ ကြုံရ ထိုခဏ၌
ဒေါသအပူ ငြူစူ စောင်းမြောင်း
မာနအပေါင်းမှာ ဘယ်ဟာ ငြိမ်းချမ်းလိမ့်မည်တည်း..

အပြုံးမေတ္တာ ကြည်မျက်နှာနှင့်
သဒ္ဓါချမ်းမြ ဝင်းဝင်းပကာ
အစ်မသို့တစေ အမေသို့တစ်ဝ
နှမသို့တစ်မျိုး စေတနာတိုးသော်
အစိုးမဲ့သံသရာ ခွဲခွါရာဝယ်
ယှဉ်တွယ်အသိ သတိရှိလိမ့်
မချိသက်ပြင်း ဝမ်းနည်းခြင်းနှင့်
မျက်ရည်အလျင်း ကင်းစေမင်း … … …

In: ကဗျာ Posted By: Date: Sep 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment