Professional Authors

ကမ္ဘာမြေသို့ ပန်းပို့သူများ (စိုင်းဝင်းမြင့်)

တစ်ယောက်ယောက်တော့
နောက်မှာအမြဲရှိနေ
ကမ္ဘာမြေသို့ ချစ်ခြင်း လွမ်းခြင်း
ပန်းခင်းများ ပို့နေ။
ပန်းလက်ဆောင်ဆိုတာ ယူသူက အပြုံး
ပေးသူက ဘေးလူက အရှုံးတွေ
အမုန်းတွေ ဆွေးမြေ့ဖွယ် သွေးနဲ့
အပြေး သွားကြရတယ် မတွေး
စမ်းချောင်းလေးရဲ့ အဖျား
အဖျားသွေးကပဲ စ
ပန်းစိုက်သူများ အစပြုလာ
ကမ္ဘာမြေကလည်း
ဘဝတစ်ခုစာ စောင့်နေပါတယ်။
စိုက်ပျိုးသူ ခူးဆွတ်သူ
တစ်ပွင့်ကြွေ တစ်ပွင့်ကောက်
ကမ္ဘာထဲ ရောက်သူ
အလွမ်းများနှင့်သာ အလှဆင်ရာ
ရင်ခုန်နှုန်းမြှင့် ပွင့်မြဲပွင့်သူများသာ
ကဗျာ
ပန်းအတတ်နှင့်သာ ချစ်မေတ္တာ။
စိုက်ပြီး ပွင့်ပြီး ခူးဆွတ်ပြီးသား
ရထားမစိုက်ခင် ရူးမိုက်သူများ
သစ်တစ်ပင်ချင်း တစ်ကိုင်းချင်း
တစ်ပွင့်ချင်းမှာ
ခူးဆွတ်ရာ မရောက်
ပန်းလည်း မကောက်
ပွင့်ခြင်းများနဲ့ ကမ္ဘာမြေသို့ ရောက်နှင့်ပြီးသား
မီးရှူးမီးပန်း သံပန်းအလှ
ကြယ်ပန်းများ။

စိုင်းဝင်းမြင့်
ကျော်မွှေး – စက်တင်ဘာ၊ ၂၀၁၄။

Credit: http://lanolay.wordpress.com/

Leave Comments

Name*

Email*
Website
Email me whenever there is new comment