Professional Authors

ခွန်အားနှင့် လန်းဆန်းမှုအတွက် ခေတ်ပြိုင်ကဗျာအားဆေး (သူရနီ)

ကဗျာအတွက် မရှိမဖြစ်လိုအပ်သောစာသားနှင့်
ကဗျာသက်စောင့်ဓါတ်များပါရှိသည့် တစ်မျိုးတည်းသောအားဆေး
ကဗျာဓါတ်နှင့် ကဗျာနယ်ပယ်ချဲ့ ထွင်ရေး အမြင်၊ခံစားမှု၊ရသ
အမှန်တရား၊ဥာဏ်ပညာ၊အသုံးအနှုန်း ဟန်ပန်များဖြင့်အချိုးမကျဖေါ်စပ်ထားခြင်းကြောင့်
လွတ်လပ်သောခွန်အားနှင့် လန်းဆန်းမှုကိုဖြစ်ပေါ်စေသည့် တစ်မျိုးတည်းသောအားဆေး
နားဝေတိမ်တောင်ဖြင့် အပြင်လူလောကဌာနအတွင်း လုံးလုံးအသုံးမတည့်သည့်
အရာများပါဝင်သောကြောင့် လူ့အဖွဲ့အစည်းကြီးအတွင်း၌ လွန်စွာလူကြိုက်နည်းလှသည့်
တစ်မျိုးတည်းသောအားဆေး
အကြောင်းအရာ၊ ဘဝအမြင်များကို အချိုးဖျက်ပစ်ခြင်း၊ခေတ်ပြိုင်လူ့အဖွဲ့အစည်းကို
ဝေဖန်စောကြာခြင်း၊ ဖွဲ့စည်းတည်ဆောက်ပုံပြောင်းလဲမှုမြင်ကွင်းများဖြင့်
ချိတ်ဆက်ထားသည့် တစ်မျိုးတည်းသောအားဆေး၊
ကိုယ်သန်ရာကိုယ်ချည်းကပ်တည်ဆောက်ထားပြီး အမြတ်အစွန်းကို စိုးစဉ်းမှအလျဉ်း
ထည့်မတွက်ထားသည့် တစ်မျိုးတည်းသောအားဆေး၊
အခြားသူတစ်ဦး၏အမြင်များ၊ ဆန်းသစ်ခြင်းများ၊ဒီဇိုင်းစုံ
ဘဝအခင်းစုံရောနှောပါဝင်သဖြင့်
တစ်မျိုးမက အဓိပ္ပါယ်ထွက်နိုင်သည့် တစ်မျိုးတည်းသောအားဆေး၊
ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါရှင်များပါ အခါမလင့်
ဖတ်ရှုနိုင်သည့် တစ်မျိုးတည်းသောအားဆေး၊
အချစ်၊ ဟာသ၊ လိင်ပညာပေး၊ ဖက်ရှင်၊ သမိုင်း၊ နိုင်ငံတကာရေးရာ ဘက်စုံ
ထောင့်စုံ အရသာစုံ ပါဝင်၍ စာကြောက်တက်သောကလေးများလည်း
အထူးနှစ်ခြိုက်စေပါသည်။
၉၊ မေ၊ ၂၀၁၀

In: ကဗျာ,သူရနီ Posted By: Date: Jun 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment