Professional Authors

**ဝမ်းနည်းခြင်း အထိမ်းအမှတ်** မောင်လှမျိုး (ချင်းချောင်းခြံ)

“မီး” လောင်ပြီးစ
တစပြင် တစ်ခုလို
ပြာကျ ကျန်ရစ်ခဲ့မယ်…လို့ ထင်သလား။

“အချစ်” ကို
မီးရှူးတိုင်လို ကိုင်မြှောက်ပြီး
…, လမ်းလျှောက်ခဲ့သူပါ။
မီးစာကုန် ဆီခမ်း
အချစ်က ညာနမ်းသွား… လို့
နည်းနည်းတော့ လွမ်းတတ်ပါတယ်။

ငါ.. ကံကောင်းတာက
“မီး” သေသွားပေမယ့်၊
နေမင်း… လမင်း
ကြယ်, ပန်းခင်းတွေက
ငါ့ မနက်ခင်းကို လင်းစေတယ်။

ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ်
အချစ်ကို…
သံသယတွေနဲ့ ပစ်ပေါက်မိတယ်။ ။

Comment #1

သိပ်ကြိုက်မိတဲ့ ကဗျာလေးပါ…:)

commentinfo By: မိုးည at Oct 5, 2011
Comment #2

ငါ.. ကံကောင်းတာက
“မီး” သေသွားပေမယ့်၊
နေမင်း… လမင်း
ကြယ်, ပန်းခင်းတွေက
ငါ့ မနက်ခင်းကို လင်းစေတယ်။
အားပေးသွားတယ် မိုးညရေ….ကဗျာလေးက ကောင်းတယ်ဟာ…။

commentinfo By: ကေသရီ at Oct 10, 2011
Comment #3

က၊ျွန်တော်သိပ်ကြိုက်မိတဲ့ကဗျာလေးပါ

commentinfo By: အသဲကွဲမိုး at Jun 25, 2012
Comment #4

တားမြစ်၏
ဒီဥယျာဉ်ထဲ
မည်သည့်အပင်မျှ
မစိုက်ပျိုးဖို့
ငါ တားမြစ်ထား၏ ။
သို့ တစေတောင်
ငှက်တစ်ကောင်က
မျိုးစေ့ချသွား
ပျိုးပင်နုနု
ပေါက်လုလုဆဲဆဲ
နုတ်ယူသွားမှာ
ငါ တားမြစ်၏ ။
ဒါပေမဲ့လေ
ဘယ်အချိန်က
တွယ်ငြိနေမှန်း
မသိခဲ့ဘူး
အခု…..မင်းမရှိတော့
ငါ့ ပန်းဥယျာဉ်ထဲ
ပန်းမပွင့်တော့သလို
ချစ်ရသူရေ
ငါ တားမြစ်ထားသမျှ
မင်းမရှိချိန်ကစပြီး
ယာယီရပ်ဆိုင်းထားရတယ် ။

commentinfo By: minkha1988 at Oct 22, 2012
Comment #5

mite tal byar poems twe ka

commentinfo By: loafer at Oct 22, 2012
Comment #6

ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ်
အချစ်ကို…
သံသယတွေနဲ့ ပစ်ပေါက်မိတယ်။ ။

commentinfo By: heinhtet at Oct 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment