Professional Authors

ဝိညာဉ်

ဝိညာဉ်

စိတ်ကူးသစ်နဲ့ အိမ်မက်သစ်တို့ရယ်
အနာဂတ် အစဉ်အဆက်ကို
သူ့ဆီမှာ မွေးဖွားလေတော့
ဘဝရဲ့ ဝိညာဉ်တစ်ပါးရေ
ငါမြတ်နိုးခြင်း။

မှိန်းမောခြင်းနဲ့ နိုးကြားခြင်းရယ်
အတွေးစဉ် အဆက်ဆက်ကို
သူရယ် လွှမ်းမိုးလေတော့
အိပ်မက်ရဲ့ ဝိညာဉ်တစ်ပါးရေ
ငါလွမ်းမိခြင်း။

ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းခြင်းတို့ရယ်
စိတ်အစဉ် အသက်သက်ကို
သူသာလျင် ထိန်းချုပ်လေတော့
ရင်တွင်းက ဝိညာဉ်တစ်ပါးရေ
ငါချစ်မိခြင်း။

In: ကဗျာ Posted By: Date: May 26, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment