Professional Authors

သို့ … မိုးခါးရေသောက်သူများ (၁) – သက်ထွေး

ချိတ်မိရာက
ပါလာတော့တာပါပဲ
မိထားတဲ့ ငါးထက်
ပါသွားတဲ့ ငါးစာက
ပိုကြီးနေတယ်။

နှာစေး၊ ချောင်းဆိုး
အကြွေးရှင်လာရင်
တစ်မျိုးမျိုး
ပြောင်းသုံးရမယ်။

ဘယ်လို ?
ကလောင်တံဈေး ?
သြော်ဒါလား …
၂၅၀၀ ပဲပေး
မာနဟာ
ဝါကျမှာပဲ ရှိတယ်။

ဟင်းသီးဟင်းရွက်လို
မနွမ်းတတ်တာက လွဲလို့
ဘ၀မှာ
ချရောင်းခံရတာခြင်းတော့ အတူတူ
လက်ညှိုးထိုး
ကြိုက်ဈေးပေးဝယ်
အမဲဖျက်ခံရတာများတယ်။

မှိန်းနေရင်းပဲ
မှိန်သွားမလား
မှိန်နေရင်းပဲ
မှိန်းသွားမလား
သံချေးက သံပေါ်တက်တာ
ဆန်းသလားကွယ်။

ထီမပေါက်လည်း
ဖိနပ်တော့ ပေါက်ခဲ့ဖူးပြီ
တစ်လမ်းပဲသွား
လမ်းလည်းမှားခဲ့ဖူးပြီ
အရိပ်တွေ့တိုင်းနား
သဘ၀တရားကို
လိုသလိုနားလည်နေမိ ။

တစ်မူးကိုရှာ
အရူးထက်သာချင်နေသူ တစ်ယောက်
မိုးခါးရေတွေ
တွင်တွင်ကြီးသောက်နေမိတယ်။

သက်ထွေး
စက်တင်ဘာ ၈ရက် ၂၀၁၀ ညနေ ၅း၁၂

In: ကဗျာ Posted By: Date: Sep 8, 2010
Comment #1

a taw sone lay… ^.o
mite tal… taw pa… nga chit lay…

commentinfo By: kook at Sep 8, 2010
Comment #2

kg tal byo
ho kg ma lay poem phat tat lo lar 😛

commentinfo By: Nanda Kyaw at Sep 8, 2010
Comment #3

သိပ်ကောင်းတဲ့ ကဗျာပဲ သူကြီး ။ ဂုဏ်ယူပါတယ်ဗျာ ဒီလို ကဗျာမျိုး ရေးနိုင်တာ။ ကိုယ့်ကိုကိုယ် ရှက်မိပါတယ်။ သူကြီး ကဗျာတွေ ဖတ်ပြီးတော့။

commentinfo By: ChIr0N at Sep 8, 2010
Comment #4

အားကျရုံပဲတတ်နိုင်ပါတယ်…လွှတ်ကောင်းဗျာ…။။။

commentinfo By: Ema Yar at Sep 8, 2010
Comment #5

ချိတ်မိရာက
ပါလာတော့တာပါပဲ
မိထားတဲ့ ငါးထက်
ပါသွားတဲ့ ငါးစာက
ပိုကြီးနေတယ်။

…..

တစ်မူးကိုရှာ
အရူးထက်သာချင်နေသူ တစ်ယောက်
မိုးခါးရေတွေ
တွင်တွင်ကြီးသောက်နေမိတယ်။

I like it.

commentinfo By: zogamnuam at Sep 9, 2010
Comment #6

မိုက်လှချီလား

commentinfo By: thitsar at Sep 9, 2010
Comment #7

အင်းးးးးးးးးးးးးးး
အင်းးးးးးးးးးးးးးးးးးး
ဟုတ်းးးးးးးးးးးးးးးး
ကဗျာနဲ့ ကဗျာလူရဲ့ ရင်ဘတ်တစ်ထပ်တည်းကျနေလို့ ကတော့းးးးးးးးးးးးးးးးးးးးး
သြော်………
အကျိုးပွားစရာမမြင်လည်း
မိုးခါးရေးသောက်ခဲ့ တာမအံ့သြတော့ ပါဘူး

commentinfo By: kathitni1980 at Sep 9, 2010
Comment #8

သို့ … မိုးခါးရေသောက်သူများ ဆိုတော့ ကိုယ်မပါဘူးဆိုပြီး ကဗျာလေးပဲဖတ်ပြီး လှည့်ပြန်တာများပြီ.. (: (:
ဒီတစ်ခါတော့….. (:
(:
မာနဟာ
ဝါကျမှာပဲ ရှိတယ်။
ဝါကျမှာပဲ ရှိတယ်။
ဝါကျမှာပဲ ရှိတယ်။

ဒီရက်ပိုင်း ဖတ်မိတဲ့ ကဗျာတွေထဲမှာ အကြိုက်ဆုံးပါ……….

commentinfo By: ဖြိုးဖြိုး at Sep 10, 2010
Comment #9

မာနဟာ
ဝါကျမှာပဲရှိတယ်။အရမ်းမိုက်တယ်ဗျာ။
ကိုသက်ထွေးကဗျာတွေဖတ်ပြီး
ကိုယ့်ကဗျာကိုဖတ်ရမှာတောင်ရှက်လာတယ်။ဟီးးးးးးးးး

commentinfo By: terry at Sep 10, 2010
Comment #10

ဒီကဗျာအပါအဝင် ကိုသက်ထွေးကဗျာတွေကို တစ်ပုဒ်ကိုအနည်းဆုံးလေးကြိမ်လောက်
တော့ဖတ်ပြီးပြီဗျာ ကြိုက်လို့၊ အသစ်တွေ(သို့)မဖတ်ရသေးတဲ့ကဗျာတွေကို
စောင့်နေတယ်ခင်ဗျာ။

commentinfo By: moe at Jul 12, 2011
Comment #11

ပြောစရာရှာမတွေ့တဲ့ကဗျာ နင့်ကျန်ခဲ့တဲ့ကဗျာ
ကိုယ့်ကဗျာကိုယ်တောင်ဖြဲပီးလွှတ်ပစ်ချင်လောက်အောင် ကောင်းတဲ့ လွှမ်းမိုးနိုင်တဲ့ကဗျာ
ဘာလို့များအဲ့လောက်တော်ရတာလဲကိုသက်ထွေးရေ
လေးစားချင်းနဲ့အားကျရင်း မနာလိုဖြစ်ရခြင်းများနှင့်..

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Nov 3, 2011
Comment #12

အားကျရုံဘဲတတ်နိုင်ပါတယ်……လွှတ်ကောင်းဗျာ လို့ လိုက်ပြောလိုက်ပါသည်

commentinfo By: 13th at Nov 29, 2012
Comment #13

ကျွန်တော် နှစ်သက်အားကျစွာ ခဏခဏ ပြန်လာလာဖတ်နေမိတဲ့ကဗျာ

(ဒီတခါတော့ ကွန်းမန့်ပေးဖြစ်သွားပါသည်)

commentinfo By: အသဲကွဲမိုး at Feb 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment