Professional Authors

အိပ်မက်ဆိုး (သက်ထွေး)

ဘ၀မှာ …
ဘယ်လောက်ထိ
မှားခွင့်ရှိလဲ
ဘယ်လောက်ထိရော
မှန်ခွင့်ရှိလဲ
ဘယ်လောက်ထိ
မှန်ခဲ့ဖူးပြီး
ဘယ်လောက်ထိ
မှားခဲ့ဖူးပြီလဲ။

ဘ၀မှာ …
ဘယ်လို
ပြုံးခဲ့ဖူးလဲ
ဘယ်လောက်ထိ
ပြုံးခဲ့ဖူးလဲ
(သေချာတာကတော့
ကျရှူံးအပြုံးမျိုး
ထပ်တလဲလဲ
သုံးခဲ့ဖူးတယ်)။

ဘ၀မှာ …
ဘာတွေ
ဘယ်လိုတွေ့တွေ့
ကိုယ့်ကိုယ်ကိုပဲ
မေ့ချင်နေတယ်
သံသရာ
တစ်ကွေ့ဟာ
ဘယ်လောက်များ
ဝေ့လဲ။

ဘ၀မှာ …
ဘာအတွက်လာပြီး
ဘယ်ဆီသွားမလဲ
(နှုတ်ဆက်ဖို့အတွက်လာတယ်
နှုတ်ဆက်ခြင်းဆီသွားမယ်)။

လန့်နိုးရတာခြင်း
အတူတူ
ဘ၀ဟာ
ဘယ်လို
အိပ်မက်ဆိုးလဲ ။ ။

သက်ထွေး
၂၀ စက်တင်ဘာ ၂၀၁၀ ညနေ ၄း၀၄

In: ကဗျာ Posted By: Date: Sep 20, 2010
Comment #1

ဘ၀မှာ …
ဘာတွေ
ဘယ်လိုတွေ့တွေ့
ကိုယ့်ကိုယ်ကိုပဲ
မေ့ချင်နေတယ်
သံသရာ
တစ်ကွေ့ဟာ
ဘယ်လောက်များ
ဝေ့လဲ။”””
dar lay mite tal…
u are awesome, u are great, u are amazing~
kyite tar tot kabyar ta khu lone ko kyite tar…. =]

commentinfo By: kook at Sep 20, 2010
Comment #2

အား အစ်ကိုရေ အရမ်းကောင်း …

“ဘ၀မှာ …
ဘယ်လောက်ထိ
မှားခွင့်ရှိလဲ
ဘယ်လောက်ထိရော
မှန်ခွင့်ရှိလဲ
ဘယ်လောက်ထိ
မှန်ခဲ့ဖူးပြီး
ဘယ်လောက်ထိ
မှားခဲ့ဖူးပြီလဲ။”

အရမ်းမိုက်တယ်…။ 😛

commentinfo By: နေညို at Sep 20, 2010
Comment #3

ta pote lone tot kyite tae bya!
dar lay ko tot po kyite tae..
သေချာတာကတော့
ကျရှူံးအပြုံးမျိုး
ထပ်တလဲလဲ
သုံးခဲ့ဖူးတယ်

😀

commentinfo By: Kitty Yang at Sep 20, 2010
Comment #4

ကဗျာတပုဒ်လုံးက
လက်ရှိခံစားချက်နဲ့ထပ်တူပဲ….။

လန့်နိုးရတာခြင်း
အတူတူ
ဘ၀ဟာ
ဘယ်လို
အိပ်မက်ဆိုးလဲ ။ ။

commentinfo By: အမရာ at Sep 20, 2010
Comment #5

ကဗျာလေးကောင်းတယ်.. တကယ်*********77777777777777 .. << this is my pre comment.. (: (:
hehe နောက်တော့မှ နောက်တစ်ခေါက် လာမန့်ဦးမယ်.. (ကြိုတင် booking လုပ်တာာာာာာ :P)

commentinfo By: ဖြိုးဖြိုး at Sep 21, 2010
Comment #6

good job my brother 🙂

commentinfo By: thitsar at Sep 21, 2010
Comment #7

ီကဗျာလေးအရမ်းကြိုက်လို့..ခွင့်မတောင်းဘဲကူးသွားပါတယ်ရှင်…..။

commentinfo By: ရွှေငါး at Feb 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment