Professional Authors

သို့ …. မိုးခါးရေသောက်သူများ (၂) – သက်ထွေး

ကိုယ့်အရိပ်က
ကိုယ့်ကို
နောက်ကွယ်က
ငဲ့စောင်းကြည့်နေ
ကျောမချလည်း
ဓါးပြမှန်းသိခဲ့ပြီ။

ဒူးကိုယုံချင်ပေမဲ့
လမ်းတွေကို မယုံချင်ဘူး
ဖောင်စီးရင်း
ရေငတ်လာတယ်။

ယုန်ထောင်ရင်
ယုန်ပဲမိစေချင်တယ်
ကျားကြီးတော့
ခြေရာလည်းကြီးတယ်။

ထိုင်နေတော့လည်း အကောင်း
ထသွားတော့လည်း အကောင်း
ရောင်းချင်မှ
ဟောင်းမှန်းသိ
ပျက်လျင်အစဉ်
ပြင်မရတော့။

ဒီပုတ်ထဲက
ဒီပဲဖြစ်လည်း
အရီးတော်
ဖေါ်ရွေချင်နေမိ
ဝမရှိပဲ
ဝိလုပ်ချင်သူထက်တော့
သာမည်ထင်သည်။

လက်ပေးလည်း
မသင်ကြပါနဲ့
ကောင်းစားလည်း
တစ်မွန်းတည့်ပါပဲ
ထိုးမယ့်ဆင်လို
နောက်တစ်လှမ်းဆုတ်ပြီးပဲ
ဟန်ကိုယ့်လို့နေတော့မယ်။ ။

သက်ထွေး
စက်တင်ဘာ ၁၄ရက် ၂၀၁၀ ည ၆း၂၀

In: ကဗျာ Posted By: Date: Sep 14, 2010
Comment #1

ကုန်ပြီ..စကားပုံတွေ..း)း)
ကောင်းပါ့ကဗျာဆရာရေ…။။။

commentinfo By: Ema Yar at Sep 14, 2010
Comment #2

“သရော်မှုများကို အမှတ်စဉ်များနဲ့ ဖြေးဖြေးခြင်းလွှတ်ပါမယ်” လို့ thettwe.me မှာပြောထားတာ တွေ့ထဲက
ဖြည်းဖြည်းချင်းနဲ့ သေချာကို ဖတ်မယ်ဆိုပြီး စောင့်နေတာာာာာာာာ..
သို့ … မိုးခါးရေသောက်သူများ (၁) ကလည်း အကြိုက်ဆုံးထဲက တစ်ခုပါ..
အခု သို့ … မိုးခါးရေသောက်သူများ (၂) ကလည်း အကြိုက်ဆုံးပဲဆိုတော့ (ဟိဟိ ပြောရတာတောင် အားနာတယ် 😛 )
သို့ …မိုးခါးရေသောက်သူများ ကတော့ အကြိုက်ဆုံး ကဗျာစီးရီး တစ်ခုဖြစ်တော့မယ်.. (: (:

………………………
……………..
…..
..
ကျောမချလည်း
ဓါးပြမှန်းသိခဲ့ပြီ။

………………………
……………..
…..
..

လက်ပေးလည်း
မသင်ကြပါနဲ့
ကောင်းစားလည်း
တစ်မွန်းတည့်ပါပဲ
ထိုးမယ့်ဆင်လို
နောက်တစ်လှမ်းဆုတ်ပြီးပဲ
ဟန်ကိုယ့်လို့နေတော့မယ်။ ။

commentinfo By: ဖြိုးဖြိုး at Sep 14, 2010
Comment #3

တကယ်ကောင်းတဲ့ ကဗျာတွေထဲကတစ်ပုဒ်ပါ..
စကားလုံးအသုံးအနှုန်းတွေကတော့ ထုံးစံအတိုင်း ပြောစရာကိုမရှိဘူး..
ကျေးဇူးပဲဗျို့.. ဒီလိုကဗျာကောင်းတွေကို ရေးပေးတဲ့အတွက်..

commentinfo By: ic23u0 at Sep 16, 2010
Comment #4

အရမ်းကောင်းတယ်ဗျာအရမ်းကြိုက်တယ်….

commentinfo By: yeyint at Sep 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment