Professional Authors

ရင်ကွဲသူ………………… မင်းလူန

တို့ နှစ်ယောက်လမ်းခွဲမှာ
မင်းအပြုံးနဲ့ ငါ့ မျက်ရည်
ထပ်တူကျရဲ့ လားကွယ်
ချစ်သူ…………
တောင့် တခွင့် တစ်ခုခုရှိသေးရင်
ငါ့ ရင်ဘတ်ကို
တစ်ချက်ပဲငဲ့ ကြည့် ပေးပါ
ခံနိုင်ရည်ကို
ကြိုတင်မမွေးခဲ့ တာကိုက
နည်းဗျူဟာမြောက်တဲ့ 
မင်းတိုက်စစ်ကို
နှလုံးရိုးနဲ့ ခံစားခဲ့ မိလို့ ပေါ့ 
ဆုတောင်းတယ်
လင်္ကာဒီပသူရဲကောင်းကြီးလို
ခေါင်းဆယ်လုံးမပါခဲ့ ရင်လဲနေ
မင်းဥပေက္ခာတွေထည့် သိမ်းဖို့ 
အသဲသေးသေးလေးတစ်ခုတော့ 
လိုချင်မိပါရဲ့ ကွယ်…………….
ဘာသာဗေဒမဲ့ တဲ့ ဒီချစ်ခြင်းမှာ
ရင်ကွဲခြင်းအခန်းကဏ္ဍကို
စီလျော်အောင်လဲဘာသာပြန်မိချင်ပါရဲ့
ယိုစီးလာတဲ့ 
လေစိမ်းစိမ်တွေနဲ့ သစ်စိမ်းချိုးခြင်းတွေကြောငိ့
သည်ချေအောက်နားကနာတယ်
အဆုပ်ကအောင့် တယ်
သစ်ရက်ရွက်တွေကြွေသယောင်နဲ့ 
အူမကြီးပျက်ကျသွားခဲ့ သလားလို့ တောင်တွေးမိတယ်
ငါပြောရဲတာတစ်ခုကြောင့် 
ခန္ဒာရဲ့ နောက်ဆက်တွဲပြသနာက
ဝေဒနာပဲလေ
ဒါကဒုက္ခသစ္စာရဲ့ အဆို………………………
မှန်လိုက်တာလို့ ပြောစရာမလိုပါဘူး
ခုတော့ ကိုယ်တွေ့ 
ငါ့ ရဲ့ ဖြစ်ဆဲနဲ့ ဖြစ်လတ္တံတွေမှာတော့ 
မင်းကကျိန်စာရှင်တစ်ယောက်လို
ပြုစား
ပြုစားလျှက်……………………

                                        မင်းလူန

In: ကဗျာ Posted By: Date: Sep 2, 2010
Comment #1

တရားအကြောင်းတွေတောင် သိမှတော့ ခံစားနေတာတွေမြန်မြန်သက်သာသွားမှာပါ.. 😀 { ခန္ဒာရဲ နာက်ဆက်တွဲပြသနာက ဝေဒနာပဲလေ ဒါကဒုက္ခသစ္စာရဲ့ အဆို……………} အကြိုက်ဆုံးပါပဲဒီစာကြောင်းကို

commentinfo By: Shwe Ngar at Sep 3, 2010
Comment #2

တို့ နှစ်ယောက်လမ်းခွဲမှာ
မင်းအပြုံးနဲ့ ငါ့ မျက်ရည်
ထပ်တူကျရဲ့ လားကွယ်
လင်္ကာဒီပသူရဲကောင်းကြီးလို
ခေါင်းဆယ်လုံးမပါခဲ့ ရင်လဲနေ
မင်းဥပေက္ခာတွေထည့် သိမ်းဖို့ 
အသဲသေးသေးလေးတစ်ခုတော့ 
လိုချင်မိပါရဲ့ ကွယ်…………….

commentinfo By: အသဲကွဲမိုး at Jan 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment