Professional Authors

ရင်ကွဲမှတ်တမ်း…[terry]

်ငါကအချစ်တွေ ပေးလိုက်တိုင်း
ပြန်ရတာက ဒဏ်ရာတွေပဲဆိုရင်
ခံစားမှုတွေညီမျှနိုင်ပါအုံးမလား။
သူများတွေပြောတာတော့
ငါက..
ယုံကြည်မှု့ အမျိုခံရတာတဲ့။

နင်ပြောခဲ့ဖူးတဲ့စကား
နင်မှတ်မိသေးလား
”ဒီအဖြစ်အပျက်တွေ ကြားမှာ
နင်သာ..နင်မဟုတ်ခဲ့ရင်
သိပ်ကောင်းမှာပဲ….တဲ့။

မျှော်လင့်ချက်တွေ
ရိုက်ချိုးပြီး
အိပ်မက်ဆိုးတွေ နိုးထအောင်
နင်ကိုယ်တိုင်ပဲ
အသက်သွင်းခဲ့တာပါ။

ငါသိချင်တာတစ်ခုက..
နံနက်ခင်းတွေ စိုက်ပျိုးတိုင်း
နေ၀င်ချိန်တွေပဲ
ရိတ်သိမ်းနေရတာ
ငါကျဲတဲ့ ပျိုးမှာ
ဘယ်နတ်ဆိုးတွေများ
စောင့်လို့လဲ…။

အတိတ်ကလေညှင်း တစ်ခုက
လမ်းကြုံလို့ ၀င်မေးတယ်
”မင်း..သူ့ကို ချစ်သေးလားတဲ့”
နာကျင်မှု့အပြုံးနဲ့
ငါ့ကိုယ်ငါ ပြန်ဖြေဖြစ်ခဲ့တယ်

ငါ့နှလုံးသား တစ်ခုလုံး
မီးသင်္ဂြိုလ် ခံရမယ်ဆိုရင်တောင်
ကျန်ရစ်နေမယ့်
ရုပ်ကြွင်းက
နင်ပဲ”. . . ”။

                               TERRY

In: ကဗျာ Posted By: Date: Aug 6, 2010
Comment #1

အရမ်းကောင်းတဲ့ ခံစားချက်ပဲ terry ရေ သုခလဲ အဲဒီလိုပဲ……

commentinfo By: thukhacho at Aug 6, 2010
Comment #2

ကောင်း၏

commentinfo By: Ptin at Aug 6, 2010
Comment #3

ကောင်းပါတယ် ခံစားရတယ်

commentinfo By: kyaw at Aug 7, 2010
Comment #4

ဒီလောက်ထိတောင်ချစ်တာလား။ နင်အရမ်းချစ်တတ်တာပဲနော်။ ဒါပေမယ့်အချစ်နဲ့ပတ်သတ်ပြီး အစွန်းမရောက်စေချင်ဘူး။

commentinfo By: ကြယ်စင် at Sep 13, 2010
Comment #5

ငါ့နှလုံးသား တစ်ခုလုံး
မီးသင်္ဂြိုလ် ခံရမယ်ဆိုရင်တောင်
ကျန်ရစ်နေမယ့်
ရုပ်ကြွင်းက
နင်ပဲ”. . . ”။

အရမ်းကောင်းတယ်နော် copy လုပ်လိုက်မယ်နော်

commentinfo By: moe at Sep 16, 2010
Comment #6

ငါ့နှလုံးသား တစ်ခုလုံး
မီးသင်္ဂြိုလ် ခံရမယ်ဆိုရင်တောင်
ကျန်ရစ်နေမယ့်
ရုပ်ကြွင်းက
နင်ပဲ”. . . ”။

commentinfo By: 8pyaw at Jan 10, 2011
Comment #7

ငါ့နှလုံးသား တစ်ခုလုံး
မီးသင်္ဂြိုလ် ခံရမယ်ဆိုရင်တောင်
ကျန်ရစ်နေမယ့်
ရုပ်ကြွင်းက
နင်ပဲ”. . . ”။
အရမ်းကြိုက်တယ်………………………….

commentinfo By: အသဲကွဲမိုး at Jan 29, 2011
Comment #8

ခဏခဏ..လာပြန်ဖတ်မိနေတယ်

commentinfo By: အသဲကွဲမိုး at Jun 1, 2011
Comment #9

အားပေးနေပါတယ်

commentinfo By: micky at Jun 26, 2011
Comment #10

ငါ့နှလုံးသား တစ်ခုလုံး
မီးသဂြိုလ် ခံရမယ်ဆိုရင်တောင်
ကျန်ရစ်နေမယ့်
ရုပ်ကြွင်းက
နင်ပဲ “…” ။
စကားလုံးအသုံးအနှုန်းတွေ တယ်ဆန်းတယ်ဗျာ အတုယူလောက်ပါတယ် ။

commentinfo By: X - ray at Oct 18, 2011
Comment #11

kwat ti pe ,,,
bar tway pe phyit phyit,,,be lo pe phyit ke phyit ke,,,thu hma thu pe.
tay de a hti a yoe hte swe aung shi nay dot hmar.
tay char de be lo hma lan ma kwe bu.

commentinfo By: ei lay at Dec 16, 2011
Comment #12

ငါသိချင်တာတစ်ခုက..
နံနက်ခင်းတွေ စိုက်ပျိုးတိုင်း
နေ၀င်ချိန်တွေပဲ
ရိတ်သိမ်းနေရတာ
ငါကျဲတဲ့ ပျိုးမှာ
ဘယ်နတ်ဆိုးတွေများ
စောင့်လို့လဲ…။

နောက်တခေါက်မှာ နောက်တပိုဒ်နဲ့ ရင်ကိုဒဲ့လာထိသွားပြန်တယ်

commentinfo By: အသဲကွဲမိုး at Nov 8, 2012
Comment #13

Facebook ပင်လယ်ပြာပြာကဗျာချစ်သူများအဖွဲ့က ဆုရကဗျာကြီးနော် အစ်ကို . . . 🙁

commentinfo By: Amigo at Dec 31, 2012
Comment #14

ကို amigo ပြောတာကို နားမလည်ဘူး ။ ဘယ်လို ပင်လယ်ပြာပြာ
ကဗျာချစ်သူများအဖွဲ့က ဆုရကဗျာကြီးလည်း …… ကျေးဇူးပြုပြီးတစ်ချက်လောက်ပြောပြပေးပါလား

commentinfo By: terry at Dec 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment