Professional Authors

ရင်ကွဲစများ ၃

သစ်ရွက်တွေနဲ့အတူ ငါ့စိတ်ဟာ တဖွဲဖွဲ ကြွေကျနေတယ်
အတူတူထိုင်ခဲ့ဖူးတဲ့ခုံပြာတန်းလေးဟာ
ကြောက်မက်ဖွယ် တိတ်ဆိတ်လို့
မင်းစောင့်မျှော်နေခဲ့ချိန်တုန်းက ငါ ရောက်မလာနိုင်ခဲ့သလို
ငါ ပြန်လာချိန်ကျတော့လည်း မင်းရှိမနေတော့ဘူး
အေးစက်သွားတဲ့လက်ဖက်ရည်ခွက်ကို ငေးကြည့်ရင်း
ကျောင်းတံခါးကို ခေါင်းလောင်းထိုးဖွင့်ခဲ့တဲ့
မင်းရယ်သံလွင်လွင်လေးတွေအကြောင်း
အဝေးပြေးအလွမ်းတွေ ရင်လုံးကျွတ် ပွင့်လာတယ်
မင်းက တစ်မြို့ ငါက တစ်ရွာ
မင်းမမြင်ကွယ်ရာက ငါ့ဘ၀ တောမှောက်နေချိန်မှာ
ငါမကြားရာက မင်းဘ၀ တော်လဲသံတွေ ထစ်ချုန်းနေမလား
ဘ၀ဟာ တိုက်ပွဲဆိုရင်
ဓားစာခံဖြစ်ခဲ့ရတဲ့ကလေးငယ်ဟာ ချစ်ခြင်းမေတ္တာပါပဲကွယ်

                                                                ကိုသျှား

In: ကဗျာ Posted By: Date: Feb 14, 2012
Comment #1

အားပေးသွားပါတယ်ဗျာ…..
နိမိတ်ပုံလေးတွေလှတယ်။

commentinfo By: moehtetaung18 at Feb 14, 2012
Comment #2

သိပ်ကိုမိုက်တယ် အရေးအသားက
အတွေးအခေါ်ကလည်း တကယ်ကြီးမြင့်လွန်းတယ်
ပညာတွေ လာလေ့လာသွားတယ်ဗျ ။

commentinfo By: X - ray at Feb 14, 2012
Comment #3

မင်းမမြင်ကွယ်ရာက ငါ့ဘ၀ တောမှောက်နေချိန်မှာ
ငါမကြားရာက မင်းဘ၀ တော်လဲသံတွေ ထစ်ချုန်းနေမလား
ဘ၀ဟာ တိုက်ပွဲဆိုရင်
ဓားစာခံဖြစ်ခဲ့ရတဲ့ကလေးငယ်ဟာ ချစ်ခြင်းမေတ္တာပါပဲကွယ်

commentinfo By: kantkawmg at Feb 15, 2012
Comment #4

ဘာပြောရမှန်းတောင်မသိပါဘူး
ကောင်းပါ၏

commentinfo By: May Kha at Feb 15, 2012
Comment #5

မင်းက တစ်မြို့ ငါက တစ်ရွာ
မင်းမမြင်ကွယ်ရာက ငါ့ဘ၀ တောမှောက်နေချိန်မှာ
ငါမကြားရာက မင်းဘ၀ တော်လဲသံတွေ ထစ်ချုန်းနေမလား

တစ်ပုဒ်လုံးကိုကြိုက်တယ်အကို
နမိတ်ပုံတွေ ဆန်းတယ်
တကယ့်ကို ရင်ကွဲစလေးပါပဲံဗျာ
(ရွှေကြယ်မိုး)

commentinfo By: yaewintaung at Feb 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment