Professional Authors

ရင်ကွဲမိုး

ဝေးလွင့်သွားတဲ့ အိပ်မက်တစ်စအတွက်
ဘယ်ပြသဒါးရက်ကိုမှ အပစ်မတင်ချင်တော့ဘူး၊
စကတည်းက လွဲချက်တွေနဲ့ `ငါ´ …
ဘာကိုမှ ပိုပြီး နာကျည်းမပြပါဘူး၊
နိဂုံးနဲ့စတဲ့ဇာတ်ရဲ့အဆုံး
ဘာတွေများရှိနိုင်ဦးမှာတုန်း …
ခေါင်းကျကျ ပန်းကျကျ ငါ့အတွက်တော့
`နှစ်ဖက်စလုံးအရှုံး´ … တဲ့၊
`ဒသ´ လိုသူရဲကောင်းမဟုတ်ခဲ့တော့လဲ
`နားလည်မှု´ ဆိုတဲ့ စာလုံးကို ပြန်ပေါင်းရင်း …
အဲဒီနေ့က မိုးတွေကို တိုးတိုးလေးပြန်ရွာပြလိုက်တယ်၊
အဖြူရောင်တွေ သိပ်ပြီးသည်းလွန်းခဲ့တော့လဲ
မင်းကတော့ ဘာကိုမှ မြင်လိုက်ရမှာ မဟုတ်ဘူး … ။  ။

ဘာဘာ

In: ကဗျာ Posted By: Date: Aug 1, 2010
Comment #1

ဒသ´ လိုသူရဲကောင်းမဟုတ်ခဲ့တော့လဲ
`နားလည်မှု´ ဆိုတဲ့ စာလုံးကို ပြန်ပေါင်းရင်း …
အဲဒီနေ့က မိုးတွေကို တိုးတိုးလေးပြန်ရွာပြလိုက်တယ်၊

commentinfo By: ဖြိုးဖြိုး at Aug 1, 2010
Comment #2

ခေါင်းကျကျ ပန်းကျကျ ငါ့အတွက်တော့
`နှစ်ဖက်စလုံးအရှုံး´ … တဲ့၊
ဟုက်ပါတယ်
ချစ်မိတဲ့ သူဟာ စကတည်းကရှုံးတဲ့ ဘက်မှာ

Comment #3

ယောက်ျားဆိုတာ ကိုယ့်ရဲ့ချစ်သူကို ရယူပိုင်ဆိုင်ခြင်းနဲ့ သူရဲကောင်း ဆန်ချင်ကြသလို ကိုယ်ဒူးထောက်ပေးရတဲ့ အရာဟာလည်း အဲဒါပါပဲ…

Comment #4

`နားလည်မှု´ ဆိုတဲ့ စာလုံးကို ပြန်ပေါင်းရင်း …
အဲဒီနေ့က မိုးတွေကို တိုးတိုးလေးပြန်ရွာပြလိုက်တယ်၊
အဖြူရောင်တွေ သိပ်ပြီးသည်းလွန်းခဲ့တော့လဲ
မင်းကတော့ ဘာကိုမှ မြင်လိုက်ရမှာ မဟုတ်ဘူး … ဆိုတာမှန်တယ်လို့ထင်တယ် အရာရာတိုင်းမှာကိုယ်ကနားလည်မှုထားသလောက်ပြန်ထားတဲ့သူမရှိရင် ကိုယ်ကဘယ်လောက်ပဲ ဖြူစင်တဲ့နားလည်မှုတွေထားထား အလကားဖြစ်သွားမှာပဲလို့ ကိုယ့်နားလည်သလိုအဓိပါယ်ကောက်လိုက်တယ်
အဲစကားလေးကြိုက်လို့သိမ်းထားချင်တယ်

commentinfo By: lucifer at Aug 2, 2010
Comment #5

ကျွန်တော့်အဖြစ်နဲ့ တိုက်ဆိုင်နေလို့
ခေါင်းကျကျ ပန်းကျကျ ငါ့အတွက်တော့
`နှစ်ဖက်စလုံးအရှုံး´ … တဲ့၊ အဲဒါလေးကိုသုံးခွင့်ပြုပါ

commentinfo By: Gipsy Lay at Aug 2, 2010
Comment #6

ဟုတ်ကဲ့။
ကဗျာဖတ်ပေးကြတဲ့ အားလုံးကိုကျေးဇူးဗျို့ …။

commentinfo By: baabaa at Aug 2, 2010
Comment #7

““ ခေါင်းကျကျ ပန်းကျကျ ငါ့အတွက်တော့
`နှစ်ဖက်စလုံးအရှုံး´ … တဲ့၊
`ဒသ´ လိုသူရဲကောင်းမဟုတ်ခဲ့တော့လဲ
`နားလည်မှု´ ဆိုတဲ့ စာလုံးကို ပြန်ပေါင်းရင်း …
အဲဒီနေ့က မိုးတွေကို တိုးတိုးလေးပြန်ရွာပြလိုက်တယ်၊
အဖြူရောင်တွေ သိပ်ပြီးသည်းလွန်းခဲ့တော့လဲ
မင်းကတော့ ဘာကိုမှ မြင်လိုက်ရမှာ မဟုတ်ဘူး … ။ ။ ““

🙁

commentinfo By: lwanhlainge at Aug 2, 2010
Comment #8

ဒသ က သူရဲကောင်းလား .. ခုမှပဲသိတော့တယ် ..။

commentinfo By: Wai Hnin Phyu at Sep 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment