Professional Authors

ဂျူလိုင် ၁၉ မျက်ရည်မိုး – နရီထက်

တိမ်ထွေညိုအလိပ်လိပ်
တရိပ်ရိပ်ရယ်
မည်းမှောင်ကာကျ
တခြိမ့်ခြိမ့်နှင့်လျှပ်သံတွေလား

အားယူကာ သက်သေပြမယ်
လွမ်းဆွတ်စရာ ဒီ ၁၉ ဂျူလိုင်ကိုကွဲ့
လွှမ်းမိုးလာ အမှောင်ထုတွေက
အလင်းကိုခဏတာဖုံးနေကြ
ဆုတောင်းကာလေး ရည်စူး
မိုးညိုမိုးသည်းသည်းကြား
နောင်တစ်ကွေ့ မကြုံနိုင်
ဒီ ဖြစ်ရပ်တွေကြား
အမယ်မင်း ဒီရင်ကို နာနာထုလို့
အသည်းကွဲအောင် အော်လိုက်ချင်
အင်း – – – ဒင်းတို့တွေ လုပ်ရက်လေသလား

အားလုံးက ငိုနေကြ
ဒီမျက်ရည် ချောင်းစီးစေသာ
ကတိတွေပေးနေကြသည်
တို့လက်တွေ မြဲမြံတွဲလို့
ရှေ့က သည်အမွေ သည်သွေးနှင့်
သည်မိုးမည်းမိုးသည်းတွေကြား
သဌိဓာန်ခိုင်ခိုင်ထက်လို့
မြဲစေသာ မြဲစေသာ မြဲစေသာ။     ။

နရီထက်
( ၁၈ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment