Professional Authors

အလင်းအဖြတ်ခံလိုက်ရတဲ့ ကြယ် – နရီထက်

အနုအယပို ချွဲစကားဆိုလို့
တိုးဝှေ့ခံလိုက်ရတဲ့အခါ
သွေးသားက ဆိုစကား
အရူးအမဲသား အကျွေးခံလိုက်ရလား
အရူးအမူးပဲ မြူးထူးမကာ
တစ်သက်စွဲအောင် ချစ်မိသည်

ရုပ်ရည် မကြွယ်
စိတ်ထား သေးသိမ်
ဝန်တို မုန်းပွား
အကောက်စိတ်နှင့်
သည် မဒီကို ချစ်မိမို့
သည်အကြောင်းတရားတွေ
မေ့ပစ်ခဲ့သည်

ထိုအကြောင်းတရား
နှစ်ကိုယ်တွေ့ ခရီးဆက်တဲ့အခါ
မောင်ရယ် သည်လူတွေနှင့်
ပေါင်းသင်းမပြု ဝေးဝေးရှောင်ဖယ်
မောင်ရယ် သည်လက်အောက်ငယ်သား
ပညာတွေ အကုန်မသင်ပေးနဲ့
ဆရာစားရယ် ကျန်လေကွယ်
မောင်ရယ် သည်လူတွေကို
ပညာစုံစကား သွားမပြောလေးနှင့်
အတုခိုးကာ ရှင်မတို့ကို
ကျော်သွားလေးမည်
ထိုစကား ထိုစကား
နားထဲအပ်ထပ်
တကယ့်တမ်း ရှင်မ စေရာ
လုပ်ခဲ့သည်. . .  .
အမှားတွေ တစ်သီ. . .

စိတ်ပုပ် ရုတ်စကား
တိမ်မည်းတိမ်ပုပ် အုပ်စိုင်းလေသလား
သာယာ မကြည် ပျော်ရွင်မှုနည်း
ရှင်မ အနား
ပြေးကပ်မိတဲ့ မောင်ကြယ်ကလေး
အလင်းရယ်မမယ်
အရောင်ရယ် မှေး
ခင်မင်မှုတွေ ဆိတ်
ခဏခဏ တိမ်ပုပ်တွေ
အုပ်ဆိုင်းခံရလို့
မကြာမကြာ အလင်းအဖြတ်ခဲ့ရတဲ့
ကြယ်စုတ်ကလေး
ကြယ်ပုပ်ကလေး
ကြယ်အလကားလေး
ကြယ်အထိအခိုက်ရှနာလေး
ကြယ်ပွန်းပဲ့လေး
ဖြစ်နေပါပြီး. . .
ဖြစ်နေပါပြီး. . .။     ။

နရီထက်
( ၂၃ ၊ အောက်တိုဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Oct 23, 2010
Comment #1

GOOD !!!

commentinfo By: pannei at Oct 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment