Professional Authors

ရိုးရာအဆင် – နရီထက်

မြတ်နိုးပါသည်
မြေမှုန့်တစ်ဆုပ်
စိတ်နာပါသည်
ပြာပုံတိုးလို့. . .

ဦးနှောက်ယိုစီး
အထင်ကြီးစရာ
ဟိုတစ်ဘက်မှာ
ရောက်နေခဲ့တယ်. . .

အရိုးကို အရွက်မဖုံးကြေး
ဖုံးလိုက်တဲ့အရွက်
ရစရာကို မရှိ. . .

အခွင့်အရေး
ဘာမှ မသိ
မီးပြန်လာတော့
အားလုံးက ၀မ်းသာတယ်
ဟေ။ . . .ဟေး. . .
လက်ခုပ်တီးမယ်

သတ်ပုံအမှားည
ဌက်ဆိုးတွေက
ညအလှကို
မီးရောင်စုံနှင့်
အလှချယ်ကြတယ်. . .

အိပ်မောကျဖို့
မနက်ဖြန်ဆိုတဲ့ ခွန်အား
တစ်ချို့တစ်ဝက်ကို
ငါ သိမ်းထားတယ်
မနက်ဖြန်ဆိုတဲ့
ပြန်လည်စားသုံးခြင်းအတွက်. . .

နေ့သစ်တွေကြား
ရက်စက်စရာများ
နောက်နေ့နောက်နေ့
ထပ်လာမှာကို အကြောက်ဆုံး. . .

မိုးပြိုမှာကိုကြောက်နေသူ
အိမ်ခေါင်က မိုးရေယိုစိမ့်တာကိုတော့
သည်းမခံနိုင်ဘူး. . .

ပန်းတွေဝေမှာကို
မြတ်နိုးပေမယ့်
ပန်းတစ်ပွင့်ဈေးက
ကဗျာတစ်ပုဒ်လောက်တော့
ကဗျာမဆန်ခဲ့ဘူး. . .။      ။

နရီထက်
( ၁၆ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment