Professional Authors

ရင်ခုန်သံလေး alarm ပေးနေပြီ

သူ့ ကို မနေ့ ကတွေ့ လိုက်ရသည်
ရင်ခုန်သံလေး alarm ပေးနေပြီ
မျက်တောင်မခတ်ပဲ ကျွန်တောင်ငေးကြည့်တော့
မျက်လွှာလေးချလို့ သူရှက်သွားသည်
ရင်ခုန်သံလေး alarm ပေးနေပြီ
သူ့ ရဲ့ အနားသို့ လျှောက်လှမ်းသွားတော့
ကြည်နူးမိသည်၊ရင်မောမိသည်
ရင်ခုန်သံလေး alarm ပေးနေပြီ
နှိုးစက် alarm လေးထလို့ အော်မြည်
တီ…တီ…တီ…တီ…
တီ…တီ…တီ…တီ…
ဒါဆိုမနက်ခြောက်နာရီတောင်ထိုးပြီ
သူ့ ရဲ့ အကြောင်းများတွေးတောရင်း
မနေ့ ညက ကျွန်တော်အိပ်ရေးပျက်ခဲ့သည်
နှိုးစက် alarm လေးထကာပိတ်လို့ 
ကျနော်ဆက်လက် အိပ်လိုက်ပါဦးမည်
 
”  သတိ ”
အချစ်နှင့် အိပ်ရေးပျက်ခြင်းသည် ကျန်းမာရေးကို
ဆိုးရွားစွာထိခိုက်စေနိုင်ပါသည်။

In: ကဗျာ Posted By: Date: Jun 10, 2013
Comment #1

ကိုးတန်းကျောင်းသားဘ၀တုန်းကရေးထားခဲ့တဲ့ကဗျာလေးပါ။
အမှတ်တရ အဖြစ် သူငယ်ချင်းကဗျာဆရာများထံသို့  မ၀ံ့မရဲ တင်ပြဖြစ်တာပါ…။

commentinfo By: ZzzZ at Jun 10, 2013
Comment #2

haha…..funny

commentinfo By: chaw at Jun 10, 2013
Comment #3

လုံးဝ ချစ်စရာကောင်းတဲ့ကဗျာပါပဲ။ ရဟ်ရတယ်။ အားပေးလျက်

commentinfo By: ဇော်သက်ဦး at Jun 10, 2013
Comment #4

so much lovely

commentinfo By: ei lay at Jun 11, 2013
Comment #5

တီ တီ တီ တီ ဆိုတာ alarm သံလား မသိပါဘူး လှည်းတန်း ကုန်းတံတားအဆင်းက ကားဟွန်းသံမှတ်လို့ ~ 🙂
ကဗျာအရေးအဖွဲ့လေးက ပေါ့ပေါ့လေးပဲ
ဖတ်သွားပါတယ် ~~

With respect,
RAY

commentinfo By: X - ray at Jun 20, 2013
Comment #6

သီချင်းလေးတစ်ပုဒ်နဲ့ တူတယ်ဗျ…ငြိမ့်ငြိမ့်ညောင်းညောင်းပဲ

ဆိုက်ပရပ်စ်လင်း ၂၀၁၃

commentinfo By: Cyprus Linn at Jun 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment