ရင်ခုန်သံပြန်လည်အပ်နှင်းခြင်း
နင်…..
လာချင်သလိုလာ
သွားချင်သလိုသာသွားပါ
အဲဒီ ငါကိုယ်တိုင်မပိတ်မိတဲ့
စည်းရိုးက အဖြူသက်သက်စိတ်ထားနဲ့
နင့်ကိုလွပ်လပ်စေခဲ့တာ..။
သက်တန့်တစ်စင်းဆိုတာတောင်
ငါက တစ်ဝက်တစ်ပျက်တော့
ရေသောက်မဆင်းဘူး
နင်ရှိတဲ့ နေရာ
နံရံတွေ ခြားပါစေဦး
ဆုံးတဲ့အထိလာမယ်…။
ဒါပေမယ့်လေ
အဲဒီ…
လားရာမဲ့တဲ့မြစ် မှာ
ငါ့ကိုယ်ငါ မျောရလောက်အောင်
တော့လဲ ငါဆိုတဲ့ကောင်
မနုံ့အ နိုင်ခဲ့ဘူး…။
အမြစ်တစ်ခုလို
ပုန်းလျှိုးကွယ်လျှိုးကုပ်တွယ်ဖို့ဆိုတော့လဲ
သဲနဲ့ရှပ်ရှပ် ငါလိုကောင်အတွက်ဆို
တစ်ခါ တစ်ခါလဲ
ရည်ရွယ်ချက်က ကျကျပျောက်တယ်။
အရာရာတိုင်းမှာို
သက်ရောက်မှု့ရှိတယ်ဆိုလဲ
နင့်အတွက်ဆို တစ်ရံတစ်ခါ မကတဲ့
ဟောဒီ ရင်ခုန်ခြင်းအတွက်တော့
နယူတန် ရဲ. သက်ေ၇ာက်မှု.သီအိုရီတွေ
တထပ်ထဲမကျခဲ့ပါဘူးကွယ်..။
မလိုချင်တော့ပါဘူး
ငါခံစားရတာခါးလွန်းလို့
ခုန်မင်မိတဲ့ငါ့အမှားသာထားပါတော့
သံယောဇဉ် လက်ကျန်နဲ့ ဖြစ်ဖြစ်
အခွင့်တစ်ခုသာ နင်ပြုခဲ့ရင်
သခင့်အတွက်တည်တဲ့ရင်ခုန်သံ
သခင်ထံသာပြန်လည်အပ်နှင်းပါရစေ…။ ။
နေညို
Comment #5
mike e
By: ei lay at Feb 7, 2012
Comment #6
အဲဒီ…
လားရာမဲ့တဲ့မြစ် မှာ …………. ( လွှတ်လှ )
By: sharon myorr myor at Dec 29, 2012




Comment #1
very good. Keep on trying!!! “Nay nyo”