ကို ရှိနေခြင်းအတွက်
အခက်အခဲတို့ရှိတယ်။
အတားအဆီးတို့ရှိတယ်။
အရှုံးပေးနိုင်လောက်တဲ့ အကြောင်းတရားတို့ရှိမယ်…။
ဒါပေမယ့် အနိုင်ယူရဲခဲ့
ကို ရှိနေခြင်းအတွက်
ကျွန်မ ကျေနပ်တယ်….။
နာကျင်ရခြင်းတို့ရှိတယ်။
စောင့်ဆိုင်းရခြင်းတို့ရှိတယ်။
ထွက်ပြေးချင်လောက်အောင် နှင်တတ်တဲ့ လောကဒဏ်တို့ရှိမယ်…။
ဒါတွေကို ရင်ဆိုင်ရဲခဲ့
ကို ရှိနေခြင်းအတွက်
ကျွန်မ အောင်မြင်နိုင်တယ်….။
ငိုကြွေးရခြင်းတို့ရှိတယ်။
မျိုသိပ်ရခြင်းတို့ရှိတယ်။
သည်းမခံနိုင်လောက်အောင် စိတ်ပျက် ဘ၀ကပေးတဲ့ တစ်ခါတစ်ရံများစွာ ရှိမယ်…။
ထိုအရာတွေကို ကျော်ဖြတ်နေခဲ့
ကို ရှိနေခြင်းအတွက်
ကျွန်မ ပျော်ရွှင်နေနိုင်တယ်…။
ခေါင်းငုံ့နေရခြင်းတို့ရှိတယ်။
ခေါင်းမော့ ဟန်ဆောင်ရခြင်းတို့ ရှိတယ်။
ဖိစီးမှုတို့ နှိပ်စက် ခါးသီးလွန်းတဲ့ အခိုက်အတန့်တချို့ရှိမယ်…။
ဒီလိုနဲ့ ရှေ့ဆက်နေခဲ့
ကို ရှိနေခြင်းအတွက်
ကျွန်မ နေထိုင်နိုင်ခဲ့တယ်…။
ယုံကြည်ခြင်းတို့ရှိတယ်။
မျှော်လင့်ခြင်းတို့ရှိတယ်။
အရာရာကို ဖြေသာစေနိုင်တဲ့ ခံစားချက်တစ်ခုအမြဲရှိနေမယ်…။
ကို ရှိနေခြင်းအတွက်
ကျွန်မရဲ့ ရှင်သန်ရခြင်းအားလုံး…..အဓိပ္ပါယ် ပြည့်စုံနေတယ်….။
Comment #3
မှန်တယ်……….ဒါပေမဲ့သူကလွဲရင်ကျန်တာအားလုံးရှိနေတယ်ကေရေ…..
By: May Kha at Sep 16, 2011
Comment #4
မမ ရဲ့ “ ကို “ နဲ့ တစ်ဘ၀လုံးအတူရှိနေပါစေ
By: ရနံ့ at Sep 16, 2011
Comment #5
ကျေးဇူးပါ ဆုတောင်းပေးတဲ့ ရနံ့ နဲ့ ကဗျာလေးကို အားပေးသွားတဲ့ သယ်ရင်းတွေအားလုံး
မေခရေ…..
အဲလိုမျိုးတွေ ဖြစ်တတ်တယ်….:P
By: ကေသရီ at Sep 16, 2011
Comment #6
ကို ..ရှိရင်ပြည့်စုံတယ်ဆိုပါလားးးးးးးးး
အားပေးသွားပါတယ်။..ခေါင်းလည်းလိုဦးမလားလို့..ဟဲဟဲ
By: poem.poem28 at Sep 16, 2011
Comment #7
thz u so so much.
thz u so so much.
he,,he,,
,khan sar nay tar tway,pyaw chin tar tway a kone lone par aung yae pay loh.
ko a twat dot hote bu naw.
By: ei lay at Sep 18, 2011
Comment #9
mg shi nay chin a twat a yar arr lone pyay sone de,,
he,,he,,
By: ei lay at Nov 6, 2011
Comment #13
ဟုတ် mon
ခံစားချက်တွေအတိုင်း ကေ ကဗျာစပ်လိုက်တာပဲ…
ကျေးဇူးပါ ကေ့ကဗျာလေးကို အားပေးတဲ့အတွက်…
စာသားတွေကိုလည်း ယူသုံးနိုင်ပါတယ်…။
By: ကေသရီ at Jan 31, 2012
Comment #14
်အရမ်းကောင်းတာပဲ ညီမကြိုက်လွန်းလို့
share သွားတယ်နော် အစ်မ
By: kyallay at Aug 21, 2014




Comment #1
အားပေးသွားပါတယ် ကေ သ ရီ