Professional Authors

အချစ်တစ်ခုတွင်ငြိတွယ်ခြင်း

ငါကကပ်ပါးတစ်ကောင်
ဒါပေမယ့် နှလုံးသားက
မင်းထင်သလို အဆံတော့မချောင်ဘူး…
အတ္တနဲ့မာန
ငါကိုယ်တိုင်မကွဲပြားတဲ့အရာတစ်ခုတော့
ငါပိုင်တယ်……..

ငါကမှိုတစ်ပွင့်
သူတစ်ပါးစားသုံးဖို့လဲ
မမျှော်လင့်ရဲခဲ့ဘူး….
တစ်ခါ…တစ်ခါ
ငါ့ကိုယ်ငါ ပြန်အဆိပ်သင့်လို့
ငါ့ဖြေဆေးတောင်မှ…ငါ
အလူးလူးအလွန့်လွန့်ရှာဖွေနေရတယ်ကွယ်….။

ငါကကြယ်တစ်ပွင့်
ကြွေလွင့်ခွင့်ကိုစောင့်နေတဲ့သူ
တရွေ့ရွေ့နဲ့
ငါ့အလင်းတွေငါပြန်စားသုံး
လတစ်စင်းလုံး ရှိနေတော့လဲ
သက်ပြင်းတွေခိုးခိုးချ
တစ်ခါ..တစ်ခါလဲ
ငါ့ဘာသာငါသိမ်ငယ်မိပြန်ကော…

ငါကမင်းရှေ့မှာကျဆုံးခဲ့တဲ့သုံ့ပန်းတစ်ယောက်
နင်ဒူးထောက်ဆိုလဲထောက်ခဲ့တယ်…
ငါ့အိမ်မက်တွေငါကိုယ်တိုင်ပျိုးလို့
အဲဒီထဲမှာငါဆုတောင်းဘူးပါရဲ့
နင့်နံနက်ခင်းတွေအေးချမ်းပါစေ….
နင့်ချစ်ခြင်းတွေလန်းဆန်းပါစေ….
ငါ့အတွက်တော့နင်ဟာ
အမြဲထာဝစဉ်
နေမ၀င်တဲ့ကောင်းကင်ပါ…
မနိုင်လို့ရှုံးတာမဟုတ်ဘူး
မနိုင်ချင်လို့ရှုံးခဲ့တာ
တကယ်တော့ငါက
မပြိုင်ခင်ကတည်းကရှုံးချင်ခဲ့သူပါ……။ ။

နေညို

In: ကဗျာ Posted By: Date: May 30, 2010
Comment #1

ဟိုင်းဘော်ဘော်နင့်လိုမျိုးကဗျာတွေကိုခံစားချက်အပြည့်နဲ့မြန်မြန်ေ၇းနိုင်ချင်တယ်ဟာအဲ့ဒါကတော့နင့်ကိုအားကျလို့ပေါ့ပြီးတော့အဲ့ဒါကိုထွက်ပေါက်တခုအဖြစ်အသုံးချပီး
ငါ့ခံစားချက်တွေနဲ့လူတွေကိုတခုခုပေးချင်တယ်၇ယ်ငိုကြည်နူးအစုံပေါ့နင်ဆုတောင်းပေးနော်ငါအမြန်
အဲ့လိုဖြစ်အောင်နင်လည်းဒီထက်ပိုပီးအောင်မြင်ပါစေဒီဆိုက်ဒ်လေးကစလို့ပေါ့
ဘိုငိဘိုင် ဘော်ဘော်

commentinfo By: ၇တနာ at Jun 1, 2010
Comment #2

ငါ့အတွက်တော့နင်ဟာ
အမြဲထာဝစဉ်
နေမ၀င်တဲ့ကောင်းကင်ပါ…

commentinfo By: puhtuzin at Jun 1, 2010
Comment #3

ကိုနေညို ကဗျာက လန်ထွက်။ စကားလုံးတွေ သုံးထားတာ လွှတ်လှတယ် ။ ကဗျာတွေ တင်ပါဦး။ ကျွန်တော် စောင့်ဖတ်နေပါ့မယ်။ ဒီအပိုဒ်လေးတွေ ကြိုက်တယ်

ငါကကပ်ပါးတစ်ကောင်
ဒါပေမယ့် နှလုံးသားက
မင်းထင်သလို အဆံတော့မချောင်ဘူး…
အတ္တနဲ့မာန
ငါကိုယ်တိုင်မကွဲပြားတဲ့အရာတစ်ခုတော့
ငါပိုင်တယ်……..

ငါကမှိုတစ်ပွင့်
သူတစ်ပါးစားသုံးဖို့လဲ
မမျှော်လင့်ရဲခဲ့ဘူး….
တစ်ခါ…တစ်ခါ
ငါ့ကိုယ်ငါ ပြန်အဆိပ်သင့်လို့
ငါ့ဖြေဆေးတောင်မှ…ငါ
အလူးလူးအလွန့်လွန့်ရှာဖွေနေရတယ်ကွယ်….။

commentinfo By: သက်ထွေး at Jun 14, 2010
Comment #4

ကျွန်တော့်ကဗျာကိုအားပေးတဲ့အတွက်ကျေးဇူးပါ ကိုသက်ထွေး…။ကိုသက်ထွေးကဗျာတွေလဲကျွန်တော်အကုန်နီးပါလောက်
ဖတ်ပြီးပါပြီ..။ကျွန်တော်ကြိုက်တာတွေတော်တော်များများပါလို့ကူးထား
တာတွေလဲရှိတယ်…။ကဗျာတွေကတင်မှာပါ..။အခုလောလောဆယ်တော့
မရေးဖြစ်သေးလို့ ကျွန်တော် အရင်ရေးထားတဲ့ကဗျာတွေပဲပြန်တင်ရဦးမယ်..။အခုတောင်တစ်ပုဒ်တင်ထား
ပါသေးတယ်…။သိပ်တော့မကောင်းပါဘူး..။အားလဲမရဘူး …။

commentinfo By: naynyo23 at Jun 14, 2010
Comment #5

ကဗျာလေး တော်တော် ကောင်းတာပဲ
ဖတ်ရတာ ၀မ်းနည်းလိုက်တာ

commentinfo By: lwanhlainge at Jun 14, 2010
Comment #6

အဲဒီကဗျာလေးလိုပဲ…ခံစားခဲ့ရတာ..။။။

commentinfo By: Ema Yar at Jun 18, 2010
Comment #7

I like this poem. Thank you. Goodluck.

commentinfo By: hnin hnin. at Jun 24, 2010
Comment #8

ပြိုင်လာလျင် အရှူံးပေး
ခေတ်သစ်ဝေသန္တ၇ာ
အောင်သွယ်တောင် လုပ်ပေးလိုက်ဦးမယ်

commentinfo By: သော်တာ at Aug 20, 2010
Comment #9

အ၇မ်းကောင်းတာပဲ

commentinfo By: သော်တာ at Aug 20, 2010
Comment #10

သော်တာက နှစ်ယောက်တောင်လား ဟင်။ ဘာပဲဖြစ်ဖြစ်အားပေးကျတဲ့ အတွက်ကျေးဇူးအထူးပါလို့…။:XD

commentinfo By: နေညို at Aug 20, 2010
Comment #11

ကောင်း၏…၇င်ခုန်၏…
ဒါပေမယ့်  ဒဏ်၇ာတွေ တူတာ ၀မ်းနည်းစရာတော့ ကောင်သား
ကိုနေညိုရေ…

commentinfo By: နေ၀န်း at Oct 1, 2010
Comment #12

thank

commentinfo By: ပြေဇင် at Jan 14, 2011
Comment #13

ရင်တောင်ခုန်သွားသလိုပဲ … ဟိဟိ

commentinfo By: chityellusoelay at Aug 19, 2011
Comment #14

ငါကကပ်ပါးတစ်ကောင်
ဒါပေမယ့် နှလုံးသားက
မင်းထင်သလို အဆံတော့မချောင်ဘူး…
အတ္တနဲ့မာန
ငါကိုယ်တိုင်မကွဲပြားတဲ့အရာတစ်ခုတော့
ငါပိုင်တယ်……..

ငါကမှိုတစ်ပွင့်
သူတစ်ပါးစားသုံးဖို့လဲ
မမျှော်လင့်ရဲခဲ့ဘူး….
တစ်ခါ…တစ်ခါ
ငါ့ကိုယ်ငါ ပြန်အဆိပ်သင့်လို့
ငါ့ဖြေဆေးတောင်မှ…ငါ
အလူးလူးအလွန့်လွန့်ရှာဖွေနေရတယ်ကွယ်….။

ငါကကြယ်တစ်ပွင့်
ကြွေလွင့်ခွင့်ကိုစောင့်နေတဲ့သူ
တရွေ့ရွေ့နဲ့
ငါ့အလင်းတွေငါပြန်စားသုံး
လတစ်စင်းလုံး ရှိနေတော့လဲ
သက်ပြင်းတွေခိုးခိုးချ
တစ်ခါ..တစ်ခါလဲ
ငါ့ဘာသာငါသိမ်ငယ်မိပြန်ကော…

ငါကမင်းရှေ့မှာကျဆုံးခဲ့တဲ့သုံ့ပန်းတစ်ယောက်
နင်ဒူးထောက်ဆိုလဲထောက်ခဲ့တယ်…
ငါ့အိမ်မက်တွေငါကိုယ်တိုင်ပျိုးလို့
အဲဒီထဲမှာငါဆုတောင်းဘူးပါရဲ့
နင့်နံနက်ခင်းတွေအေးချမ်းပါစေ….
နင့်ချစ်ခြင်းတွေလန်းဆန်းပါစေ….
ငါ့အတွက်တော့နင်ဟာ
အမြဲထာဝစဉ်
နေမ၀င်တဲ့ကောင်းကင်ပါ…
မနိုင်လို့ရှုံးတာမဟုတ်ဘူး
မနိုင်ချင်လို့ရှုံးခဲ့တာ
တကယ်တော့ငါက
မပြိုင်ခင်ကတည်းကရှုံးချင်ခဲ့သူပါ……။ ။ ခေါင်းစဉ်ကစခိုက်မိတာပဲ….ကဗျာကကောင်းလွန်းနေတယ်ဗျာ..

commentinfo By: sharon myorr myor at Jan 24, 2012
Comment #15

ပင်ပင်ပန်းပန်းကြီးအားပေးသွားတဲ့ မရှာရွန်ကို ကျေးဇူးပက်ပက်စက်စက်တင်ကြောင်း မအားသေးလို့ ကဗျာအသစ်
တွေတင်ဖြစ်သေးဘူး….ရေးထားတာတွေတော့ရှိတယ် … အားရင်လာတင်မည်ဖြစ်ကြောင်း … ကြော်ငြာဝင်သွား
ပါတယ်..:P

commentinfo By: naynyo23 at Feb 8, 2012
Comment #16

Wowwwwwwwwww
tay loh ya p,,,
yae yae le le heart hti de.

commentinfo By: ei lay at Feb 8, 2012
Comment #17

ငြိတွယ်မိတဲ့အချစ်က ကပ်ပါးတစ်ကောင်လိုပဲ . . ။

commentinfo By: Natthamee at May 10, 2012
Comment #18

yae le mike de,
heart hti de

commentinfo By: ei lay at May 10, 2012
Comment #19

ဟေ့ငါတောင်နင့်ကဗျာလေးတွေမဖတ်ဖြစ်တာကြာပြီ
ဒီထက် heart ထိမယ့်ကဗျာလေးတွေတင်ပါအုံးဟနော်

commentinfo By: ၇တနာ at May 12, 2012
Comment #20

နင့်နံနက်ခင်းတွေအေးချမ်းပါစေ….
နင့်ချစ်ခြင်းတွေလန်းဆန်းပါစေ….
ငါ့အတွက်တော့နင်ဟာ
အမြဲထာဝစဉ်
နေမ၀င်တဲ့ကောင်းကင်ပါ…
မနိုင်လို့ရှုံးတာမဟုတ်ဘူး
မနိုင်ချင်လို့ရှုံးခဲ့တာ
တကယ်တော့ငါက ……… ။

commentinfo By: sharon myorr myor at Dec 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment