Professional Authors

ဆွေးကြည့်ခြင်း

     ဆွေးကြည့်ခြင်း

   ဒီဒဏ်ရာတွေသာ စကားပြောတတ်ရင်
   ငါ့ကို ဘယ်လောက် ဆူငေါက်လိုက်မလဲ
   အခုတော့ အထီးကျန်တိမ်တိုက်လဲ
   အလည် မလာတော့ဘူး
   အဆိပ်သင့် အိပ်မက်တွေကလဲ
   မျက်နှာလွဲ ခဲပစ်
   တစ်ချိန်က သူတို့နှိပ်စက်ခဲ့ကြတဲ့ ငတေကို
   ရှိမှ ရှိသေးရဲ့လားလို့ သတိရကြရဲ့လား မသိ
   မှားပြီးရင်း မှားနေပေမယ့်
   ငါက သိတတ်ပါတယ်
   သူ့  အတွက် ပန်းတစ်ခင်းလည်း ပွင့်ဝေသင်းပျံ့ 
   အစိမ်းရင့်ရင့် နတ်သမီး အတွက်
   ငါ့ရဲ့ ပုံပြင်တွေ ခရမ်းရင့်ရင့် အိပ်မက်တွေ ဖြစ်သွားတာ
   ချစ်သူရယ်…
   လွမ်းတယ်ဆိုတာ စကားလုံးတွေနဲ့ ဖော်ပြလို့ ပြည့်စုံတဲ့ အရာမဟုတ်ခဲ့ပါဘူး
   ဟော ဟိုးမှာ အတိတ်အိုအိုက တောင်ဝှေးတစ်ချောင်းနဲ့
  ငါ့ကို ပြုံးပြုံးပြ
    သူက ပြုံးလေ ငါက နာကျင်ရလေ
    ပုံပြင်တွေထဲမှာပဲ ရှိမယ် ထင်ခဲ့တဲ့ ကဝေက
   အရှင်လတ်လတ် ငါ့ကို ပြုစားခဲ့တော့
   ငါ့ နေ့ တွေ ဘယ်တော့မှ နှင်းကွဲမှာလဲ
   ကျိန်စာတွေနဲ့ မထားခဲ့ ပါနဲ့
   ဆယ်ကာပြန်သေ၇ဲတယ်
   ရှင်လျက်နဲ့တော့ မသေချင်းဘူး
   ချစ်ရပါသော နတ်သမီးရေ..
  မင်းရေးတဲ့ ပုံပြင်ကို မင်းကိုယ်တိုင် အဆုံးသတ်လှည့်ပါ
   ဟောဒီ မိုးတွေစဲရင်
   ငါ့ ကိုငါ  အဆုံးစီရင်တော့မယ်
   ဟောဒီ မိုးတွေ စဲရင်
   မင်း ကို မေ့လိုက်တော့မယ်
   ဟောဒီ မိုးတွေ စဲရင်
   …. ….. …. ….. …..။
                                  မိုးအိမ်

In: ကဗျာ Posted By: Date: Jul 26, 2010
Comment #1

ဟောဒီ မိုးတွေစဲရင်
ငါ့ ကိုငါ အဆုံးစီရင်တော့မယ်
ဟောဒီ မိုးတွေ စဲရင်
မင်း ကို မေ့လိုက်တော့မယ်
ဟောဒီ မိုးတွေ စဲရင်
…. ….. …. ….. …..။…………………..
အဲဒီ..မိုးတွေ….စဲရင်…………နင်..ရှိမဲ့ တခြား ဖြစ်တည်ခြင်းကို…ငါအရောက်လာမယ်……….
အဲဒီ..မိုးတွေ..စဲရင်…….နင် နဲ့ ငါအတူ ရှိလာနိုင်ကောင်းပါရဲ့

commentinfo By: အသဲကွဲမိုး at Oct 13, 2010
Comment #2

အဲဒီမိုးတွေစဲရင် … နေပူလာလိမ့်မယ် … ( နောက်တာနော် ) အားပေးသွားပါတယ်နော် … 🙂

commentinfo By: chityellusoelay at Aug 20, 2011
Comment #3

nice

commentinfo By: ei lay at Dec 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment