မျှော်လင့်ခြင်း သစ်ပင်….
မျှော်လင့်ခြင်း သစ်ပင်….
အဲဒိနေ့မှာ….
မင်းအတွက် နှုတ်ဆက်ဓမ္မတေးတစ်ချို့ပျံ့လွင့်ခဲ့တယ်လေ……။
ပြီးတော့ပြောတယ်…….
မင့်နဲ့ငါ့ကြားမှာ ဝန်ရိုးစွန်းများစွာခြားသွားခဲ့ပြီတဲ့……..။
သက်သေဆိုတာ
ယုံကြည်ခြင်းကိုဖြစ်စေနိုင်ပေမယ့်…….
မယုံကြည်ခြင်းအတွက်တော့
သက်သေပြဖို့မလိုပါဘူး………..။
၁…………..
၂……..
၃……
ပင့်ကူတစ်ကောင်ရယ် ကျွန်တော်ရယ်
တစ်စွန်းတစ်စ အလင်းရောင်တစ်ချို့ရယ်
သေရည်တစ်ခွက်နဲ့ အတ္တစစ်တစ်ချို့ရယ်
ဘဝရှင်သန်ခြင်းနဲ့ မိသားစုရယ်
ဆီကုန်နေတဲ့ မီးအိမ်တစ်လုံးရယ်
Bethoven ရဲ့ Fur Elise ရယ်
ကွေးညွတ်တက်တဲ့ ယုံကြည့်ခြင်းတစ်ချို့ရယ်
အေဝေးကိုငေးနေတဲ့မျက်ဝန်းတစ်စုံရယ်…………..
သွေးစည်းညီညွတ်စွာနဲ့
မယုံကြည်ခြင်းအတွက် သက်သေရှာနေကြတယ်………….။
မျော်လင့်ခြင်းရေ……..
မင်းကတော့ နေရာမရွေးရှင်သန်နိုင်တဲ့ သစ်ပင်တဲ့လား…………
ဒါဆို ငါတို့ အဲဒိသစ်ပင်မှာ နေထိုင်ကြတယ်……………။
အာလူးပူတီ(1988)
Comment #2
နားမလည်တဲ့ အတွက်တောင်းပန်ပါတယ် ကိုလူဆိုးရယ်….တစ်ကယ်ပြောရရင်ကျွန်တော် လည်းရေးချင်ရာ လျှောက်ရေးတာပါပဲ……….
By: အာလူးပူတီ at Aug 19, 2011
Comment #3
ကဗျာစပ်ထားတာမဆိုးပေမယ့် ကဗျာဆရာနာမည်ကြီးက အာလူးပူတီမဖြစ်သင့်တာတော့အမှန်ပဲ အပေါ်က ကဗျာကို စိတ်ဝင်တစားဖတ်ကြည့်ပြီး ကဗျာဆရာအာလူးပူတီဆိုတာကြီးဖတ်ရတော့ နောက်နေသလိုခံစားလိုက်ရတယ်
By: shwemoe at Dec 13, 2012
Comment #4
ကျွန်တော့်ကို အာလူးများတဲ့ကောင်လို့ပြောလို့ဗျ အဲဒါနဲ့ အာလူးပူတီဖြစ်သွားတာ
ကဗျာလာဖတ်တာရော ကွန်းမန့်ကိုရောကျေးဇူးပါ
By: အာလူးပူတီ at Dec 15, 2012




Comment #1
နားမလည်တာတော့အမှန်ပဲဗျာ .. ဆောရီးနော် .. လူဆိုးကဝေးလို့ပါ .. 😛