Professional Authors

Gmail ရင်ခုန်သံ

ကျယ်ပြန့်စွာအသုံးနေကြပြီ
အဆက်အသွယ်ပြတ်တယ်လို့ မရှိ
၂၄နာရီ ဂူဂဲလ်ရဲ့ ၀န်ဆောင်မှု ဂျီမေလ်း
အသုံးပြုသူ သန်းပေါင်းများစွာရှိသည် ။

ကျနော် အချိန်မရသည့်ကြားက
အင်တနက်ဆိုင် ပြေးပြေးရ
ဂျီမေလ်းကို ခိုးခိုး ဖွင့်
ထမင်းမေ့ ဟင်းမေ့
အွန်လိုင်းပေါ်မှာ သောင်တင်
ရေးဖွဲ့သီကုံးထားတဲ့ စာ
အချိန်ကုန်ခံကာ
send နှိပ်လိုက်ပြီ ။

အ၀င်စာများ ရှိပါ့မလား
စိုးတထိတ်ထိတ်နဲ့
ဆိုင်ကို ပြေးရတဲ့ အမောများ
ပြေစေ ပြေလိုကြောင်း
တောင်တွေး မြောက်တွေးရင်
ပီတိဖြာလိုက်တာ ပတ်ဝန်းကျင်ကိုမေ့
ရင်ခုန်သံများနဲ့
မင်းဆီက စာ ကိုယ်မျှော်လင့်သည့်နေ့များ …
မင်းသိပါ့မလား ။

ဟုတ်..

ပြောချင်သလို ပြောသွားပါ

ရေးချင်သလို ရေးသွားပါ

ထင်ချင်သလို ထင်ပါ

သမီးရည်းစားမဟုတ်

ရည်းစားစာများ လက်ခံတာ

ဘာများ အပြစ်ရှိလို့လဲ ။

အပြန်အလှန် စာပြန်ရေးကြ ပို့ကြ

ပွားကြ ပွားကြ မေတ္တာ

ပြေးကြ ပြေးရ အင်တနက်ဆိုင်

တားကြ တားကြ မသမာကောင်တွေ

ပြန်စာ ပြန်စာ များ
ရင်ခုန်ခြင်းများစွာနဲ့ ကျေးဇူးတင်တယ် ဂူဂဲလ်ရယ်
မြန်နှုန်းမြင့် အင်တနက် နှင့် ဂူဂဲလ်
သူတို့သာ မရှိခဲ့ရင်
ကျနော့် ရင်မှာ
ရင်ခုန်သံဆိုတာ အသံမမြည်တာ
ကြားကြာလှပြီ
အခုတော့ ကျနော့်ရင်မှာ
ဂူဂဲလ်ရဲ့ ဂျီမေလ်းနဲ့ အတူ
ရင်ခုန်သံများ ကွန်နက်ရှင်ထက် မြန်နှုန်းမြင့်လိုက်တာ ။

အို…

သုံးမိနစ်ခြား သုံးမိနစ်ခြား

Mail check လိုက်ဦးမှ

In: ကဗျာ Posted By: Date: May 30, 2011
Comment #1

ဒီမှာတော့ . . ERROR ပြနေတဲ့ . . မင်းအမုန်းတွေနဲ့
မျှော်လင့်ချက် CONNECTION င်္တေ စွပ်ကျလို့
အချစ် SEVER လေး ဒေါင်းသွားပြီ အချစ်ရေ .. .

ဟိဟိ

commentinfo By: Shin Thant Phyu at May 30, 2011
Comment #2

ကြိုက်တယ်ဗျာ။တော်တော်လေးအကြံတူနေတယ်ဗျ

commentinfo By: Village chat kyi at May 30, 2011
Comment #3

ကျေးဇူးပါ သူငယ်ချင်းတို့

commentinfo By: gadounlay at May 30, 2011
Comment #4

အားပေးသွားတ.ယ်….သူငယ်ချင်း

commentinfo By: အသဲကွဲမိုး at May 31, 2011
Comment #5

ဒီမှာတော့ . . ERROR ပြနေတဲ့ . . မင်းအမုန်းတွေနဲ့
မျှော်လင့်ချက် CONNECTION င်္တေ စွပ်ကျလို့
အချစ် SEVER လေး ဒေါင်းသွားပြီ အချစ်ရေ .. .

ဟိဟိ
တဲ့ သူများကိုမလှောင်ပါနဲ့လားဗျာ…။
အားပေးသွားတယ် သူငယ်ချင်းရေ………..။။။ ။။။

commentinfo By: အရိပ်ကလေး at May 31, 2011
Comment #6

ကောင်းလိုက်တာ……. တော်တော်လေးတူတယ်.

commentinfo By: chanmyae at Aug 31, 2011
Comment #7

really nice,

i agree with shin thant phyu.

commentinfo By: ei lay at Sep 3, 2011
Comment #8

ဟဟဟ..ကောင်းလိုက်တဲ့အရေးအသား
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 14, 2011
Comment #9

အရမ်းလှတဲ့နော်

commentinfo By: မောင်တင်ရွှေ at Feb 20, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment