Professional Authors

တိမ်လွှာအလား…. နတ်မိမယ်..

တိမ်လွှာအလား… နတ်မိမယ်.
+++++++++++++++++++++

ရင်ခွင်အကြား… သံစဉ်များက..
ဝုန်းဒိုင်းပြို ကြဲ…၊ ထုဆစ်လေဟန်…၊
မင်းသဏ္ဍန်.. ငါမြင်တွေ့ခဲ့ရတယ်..။

ရွှေဝါဆံသား.. တည်ကြည်မျက်နှာထားနဲ့….၊
နွဲ့နှောင်းကိုယ်ဟန်…၊ မိန်းမမာန်ဖြင့်…
တိမ်လွှာအလား … နတ်မိမယ်…။

လေနှင့်ကစား… သူပျော်ပါးလျက်…၊
ပုလဲတွေသီ…၊ သူ့နှုတ်ဆီဝယ်..၊
တွေးမိဝေဝါး… ငါ့အမှားပင်…။

ဖြစ်ခွင့်ရယ်ကြုံ…၊ ငေးကြည့်ကာရုံ..၊
တုန်လေတဲ့ စိတ်ထားနဲ့…၊ သူပြေးမိတာ ငါကြည့်ရင်း…၊
ပြုံးစိစိဖြစ်တယ်ဆိုတာ… ယုံပါ့မလား….
တိမ်လွှာကြားက.. မရွှေမှုန်ရယ်……………….။

တိမ်တိုက်ကြားမှ
……..ကိုဇေ……….

In: ကဗျာ Posted By: Date: Jun 16, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment