Professional Authors

နတ်မိမယ် နှင့် ကယ်ရီကေးချား

 

(နိဒါန်း)

 

သတိရခြင်းတွေကို

တောင့်မခံနိုင်တော့လို့သာ

ဒီကဗျာကို ငါရေးလိုက်တာပါ

ငါ့ကိုစေစားသူရယ်…

(နဲနဲလေးဖြစ်ဖြစ် နားလည်ပေးရင် သေပျော်ပါတယ်)

 

(၁)

နွယ်ပင်တစ်ပင်ကိုမှ

သံယောဇဉ်တွေ အထားမှားမိသူပေါ့..

 

ရင်ခွင်ဟာ ပစ်မှတ်တစ်ခုဖြစ်ရင်

နာကျင်ဖို့ ၀န်မလေးတော့ဘူး…

အဲဒီ မြားမှာ သုတ်လူးထားတဲ့

အဆိပ်ဟာ ချိုလွန်းပါတယ်

နတ်မိမယ်…။

 

သီးချင်းတိုးတိုး ညည်းမိရုံနဲ့

စည်းမရှိ ခုန်တတ်တဲ့ရင်ကို

ဘယ်ပညာရပ်နဲ့ ဖန်ဆင်းယူခဲ့တာလဲ…

ပန်းယက် လက်ဖ၀ါးမှာ

ပြုစားခြင်းအတတ်တွေ ထုံသင်း..

ရင်ထဲက ပန်းတစ်ခင်းကို

မင်းနာမည်တွေနဲ့ ပွင့်ဖူးပစ်လိုက်စေတယ်..

မင်းသိပ်တော်ပါတယ်…နတ်မိမယ်…။

 

အတိတ်တွေ ရွာကျတဲ့အခါ..

မမေ့သူရင်မှာသာ စိုရွှဲရစတမ်းပါလား…

ခိုက်တုန်နေတဲ့ တစ်ပင်တိုင်အရှုံးသမားဟာ

ခပ်ပါးပါးလေး လွမ်းခွင့်ကိုတောင်

ကိုယ့်ကိုယ်ကို အမှောင်ချပြီးမှ ရခဲ့တယ်…

 

ငါငိုတတ်တယ်ဆိုတာ

မင်းမမြင်ပါစေနဲ့…..

ငါငိုတတ်တယ်ဆိုတာ

မင်းမယုံမိပါစေနဲ့…နတ်မိမယ်..။

 

(၂)

စာသင်ခန်းတစ်ခုထဲကနေ

မင်းကို…..

ရယ်မောခြင်းတွေဆက်သတဲ့ ကျေးကျွန်ဟာ

မျက်ရည်တွေ သွန်ချတတ်မှာမဟုတ်ဘူးလို့

လွန်ခဲ့တဲ့ ရှစ်နှစ်ကလို ဆက်ယုံလိုက်ပါ..ကွယ်..

 

မင်းအတွက် ငါမငိုပါဘူး…

ချစ်လွန်းလို့သာ ခိုးဝှက် မျက်ရည်ကျတာပါ..။

 

ရိုးရိုးကလေးပါဘဲ

နောက်ဆုံးခုံက ခပ်ဆိုးဆိုး ကောင်လေးတစ်ယောက်ဟာ

တတိယခုံက ကောင်မလေးကို ခိုးခိုးကြည့်ခဲ့တယ်…

ကောင်မလေးကတော့

လမ်းမှာ ထိပ်တိုက်ဆုံရင်သာ အပြုံးလှလှကလေး

စွန့်ကျဲ ပေးသနားတတ်တယ်..။

 

(၃)

တစ်ဖက်သက်ခံစားချက်တွေနဲ့

ကိုယ့်လက်ကို ပြန်တုပ်

စိတ်လွတ်ကိုယ်လွတ်

လှုပ်ရှားနိုင်စွမ်းမရှိတဲ့ငါ့ကို

ဖန်ပုလင်းတစ်လုံးထဲထည့်ပြီး

လွတ်မြောက်ခွင့်တွေကို ရုပ်သိမ်းစမ်းပါကွယ်…

ရွှေငါးလေးလို

ငါ့အလှနဲ့ငါ အကျဉ်းချခံပါ့မယ်…..။

 

ပန်းပွင့်စေသောခြေလှမ်းများအတွက်

ငါ…လမ်းဖြစ်ချင်တယ်..

သိပ်ချစ်ရတဲ့ သောင်္ကြာသမီးလေးရယ်…။

ဒီလိုနဲ့ဘဲ ငါ့မာနတွေ..

မြေပြင်ထက် အလျားလိုက်သက်စေလို့သာ

ကျေနပ်ခဲ့….

ကျေနပ်ဆဲ……။

 

(၄)

စာသင်ခန်းတူခဲ့ဖူးတဲ့….

တစ်ခါတစ်ရံ လေ နဲ့ရန်ဖြစ်နေတတ်တဲ့……

ငါ့ နတ်သမီး သေးသေးကလေးရယ်….

ငါ့ရဲ့ ကဗျာဆိုတဲ့ ခံယူမှုတွေဟာ

မင်းတောင်မှ လည်ပြန်ကြည့်မသွားတဲ့ နာကျင်မှုများပါဘဲ..

မိုက်မဲလွန်းလို့ သာ ငါဆက်ရွတ်နေတာပါ…။

 

ငါအိပ်မရတဲ့ ဒီတစ်ည

ကြယ်ရောင် လရောင် အဖြာဖြာနဲ့

အိပ်မက်တွေတိုင် မင်းသာယာပါစေကွယ်…

 

ချစ်ခြင်းမေတ္တာ မှန်သောခါဝယ်

နွယ်မြက်အသေ..ပန်းပွင့်စေလိမ့်မယ်….။။

 

(နိဂုံး)

ရည်ရွယ်ရင်းက

သတိရခြင်းတွေကို မထိန်းချုပ်နိုင်လို့ပါဘဲ..နတ်မိမယ်

ဒါပေမဲ့

မင်းအကြောင်း ပြန်သီကုံးရေးဆွဲတဲ့ကဗျာဟာ

ငါ့ရဲ့ ကယ်ရီ ကေးချားသာဖြစ်ခဲ့တယ်

 

ငါ့ကိုယ့်ငါသာ

ပြန်လည် ဟားတိုက်ခဲ့ ရတယ်……….။။။

 

နိုးဆက် နေ့

In: ကဗျာ Posted By: Date: Jan 31, 2013
Comment #1

စာသင်ခန်းထဲကကောင်မလေးကိုလွမ်းနေတယ်ထင်တယ် 🙂

အရမ်းကောင်းပါတယ်အစ်ကို
အမြဲအားပေးလျက်…

commentinfo By: loafer at Jan 31, 2013
Comment #2

Both title & poem attract me so much.
I like all creations.
Also love sweet words.

commentinfo By: ei lay at Feb 1, 2013
Comment #3

တစ်ခါတစ်လေတော့ သတိရမိပါတယ်ဗျာ… ကိုယ်ကချစ်သလောက် ကိုယ့်ပြန်ချစ်မသွားတဲ့ကောင်မလေးကိုး အကိုရဲ့

မအိလေးကတော့ စိတ်ချမ်းသာအောင် တော်တော်ပြောတတ်တယ်… ကျေးဇူးဗျာ.. 😀

commentinfo By: n$n at Feb 2, 2013
Comment #4

howdo u know?
any proof?

commentinfo By: ei lay at Feb 6, 2013
Comment #5

how do u know?
any proof?
😛

commentinfo By: ei lay at Feb 6, 2013
Comment #6

so good Caricature

commentinfo By: Cheek at Feb 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment