Professional Authors

တိမ်လွဲမင်းသား – နရီထက်

လေနှင်းရာ လွင့်ပါသွားတတ်သလို
အစိုင်အခဲနှင့် ပြည့်လောင်းအောင်လည်း သိမ်းထားတတ်တယ်
မဖြူမစွတ် လွှာပါးနေတဲ့ ခဏတာကို တစ်ဘ၀လုံးလို့ ခေါ်တွင်ခိုင်းတယ်
မရှိတဲ့ဟာလာဟင်းလင်းပြင်ကြီးကို ယုံကြည်မှုတွေနှင့် ဆွဲခေါ်ပြန်တယ်
အသံပြုစရာ အားမာန်အပြည့်နှင့် စည်းရုံးပြန်တယ်
ဟိန်းတစ်ချက် ကြောက်ချက်ကြားမှာ အစားပေး လျော်ကြေးကို
ထပ်လဲလဲ တောင်းဆိုလိုက်သေးတယ်
မိုးရွာခိုင်းပြီးမှ သူပဲ အပြည့် သယ်နှင့်တော့တယ်
ပြောမရတော့လည်း လေမုန်းတိုင်းကို ကြေးစားခေါ်ခိုင်းပြန်တယ်
အို… တိမ်လွဲ မင်းသား.. အသင်ပဲ… တတ်နိုင်သရော့…။       ။

နရီထက်
( ၁၃ ၊ ဇန်န၀ါရီလ ၊ ၂၀၁၁ )

( ကြိုးစားထားတိုင်း အောင်မြင်မှုရမှာလား။ လူတစ်ယောက်ရဲ့ အရည်အချင်း၊ စာရိတ္တ၊ ယုံကြည်မှုတွေကို အသုံးချပြီးမှ … မျှော်လင့်ချက်တွေကို ခေါက်သိမ်းပြန်တဲ့ ဓလေ့ကို မုန်းတီးခဲံ့တာ အမှန်ပါ.။။ အစားမရတော့လည်း နောင်တမလွန်မှာ ဘုရားသခင်ဆီကနေ ပြန်တောင်းဆိုပိုင်ခွင့် ရချင်တယ်။  ၀ီရိယ စိုက်ထုတ်ထားတဲ့ လူတစ်ယောက်ရဲ့ ကြိုးစားမှုကို အကြင်နာတရား၊ နားလည်မှု နည်းနည်းပါးပါးလေး ထည့်ပြီး စိုက်ကြည့်ပေးလိုက်စမ်းပါဗျာ..။ သူ့ခဗျာ အပြင်ပန်းဟန်လုပ်ပေးထားပေမဲ့ ပျော်ရွှုင်စရာကို အပြည့်အ၀မခံစားနိုင်တော့ နှလုံးသားဆိုတာ အလင်းပေးနိုင်တဲ့ အရည်ပျော် ဖယောင်းတိုင် ဖြစ်နေပြီးဗျာ.။။ ယုံကြည်မှုတွေကို ထုတ်သုံးနေတဲ့… လူတန်းစားတွေကို တိမ်လွဲမင်းသားလို့ မြန်မာဝေါဟာရမှာ ထည့်သွင်းခွင့်ပေးပါလား… ဗျာ။

In: ကဗျာ Posted By: Date: Jan 13, 2012
Comment #1

ဖတ်လို့တော့ ကောင်းတယ်။ရည်ရွယ်ချက်နဲ့ အဓွပ္ပါယ်က တော့ တော်တော် ကောင်းတယ်နော်..အားပေးသွားတယ်နော်..

commentinfo By: thuya at Jan 13, 2012
Comment #2

ကြိုးစားထားတိုင်း အောင်မြင်မှုရမှာလား။ လူတစ်ယောက်ရဲ့ အရည်အချင်း၊ စာရိတ္တ၊ ယုံကြည်မှုတွေကို အသုံးချပြီးမှ … မျှော်လင့်ချက်တွေကို ခေါက်သိမ်းပြန်တဲ့ ဓလေ့ကို မုန်းတီးခဲံ့တာ အမှန်ပါ.။။

commentinfo By: May Kha at Jan 13, 2012
Comment #3

တော်တော်ကောင်းပါတယ်ဗျာ

အားပေးသွားတယ်

commentinfo By: harris at Jan 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment