Professional Authors

လူမဖြစ်သေးတဲ့..လူ

ကျွန်တော်ဖြစ်ချင်တာက
အမှန်နဲ့အမှားကြားက..လူ
အကောင်းနဲ့အဆိုးကြားက..လူ
အကြောင်းနဲ့အကျိုးကြားက..လူ
အချစ်နဲ့အမုန်းကြားက..လူ
အစနဲ့အဆုံးကြားက..လူ
ကောင်းကင်နှင့်မြေကြီးကြားက..လူ
အတိတ်နှင့်အနာဂတ်ကြားက..လူ
ဦးနှောက်နှင့်နှလုံးသားကြားက..လူ
အလင်းနဲ့အမှောင်ကြားက..လူ
လူနဲ့လူတွေကြားထဲက..လူ

ကျွန်တော်ဖြစ်ချင်တဲ့လူ..ကျွန်တော်မဖြစ်နိုင်သရွေ့

ကျွန်တော်လူမဖြစ်သေးဘူး ။ ။

ဆိုက်ပရပ်စ်လင်း ၂၀၁၃

In: ကဗျာ Posted By: Date: Dec 24, 2013
Comment #1

ဖြစ်ပြီသာပဲမဟုတ်လား
🙂 🙂

commentinfo By: moezat at Dec 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment