Professional Authors

နင် ငါနဲ့လက်မတွဲချင်တော့တယ့်အခါ

ငါနဲ့ လက်မတွဲချင်တော့လို့
ကိုယ့်လမ်းကိုယ်လျှောက်ချင်နေပြီလား…ချစ်သူ

နင်မရှိရင်…ရင်မခုန်နိုင်တော့တာချင်း အတူတူ
အသည်းနှလုံးကို…ယူသွားပါ..
တချိန်ချိန်.. နင့်နှလုံးသားလေး.. အဖျက်ဆီးခံရရင် အစားထိုးနိုင်ဖို့ပါ..

နင်မရှိရင်… အသက်မရှုနိုင်တော့တာချင်း အတူတူ
ငါ့ အဆုတ်ကို…ယူသွားပါ..
တချိန်ချိန်… နင်တခြားတစ်ယောက်ယောက်ကြောင့်… မွန်းကျပ်ခဲ့ရင်.. သုံးနိုင်ဖို့ပါ.

နင်မရှိရင်… မရပ်တည်နိုင်တော့တာချင်း အတူတူ
ငါ့ ခြေထောက်တွေကို.. ယူသွားပါ…
တချိန်ချိန်…. နင်ပြိုလဲသွားရင်… လဲလှယ်နိုင်ဖို့ပါ…

နင်မရှိရင်… သုံးမရတော့တာချင်း အတူတူ
ငါ့ လက်တွေကို.. ယူသွားပါ..
တချိန်ချိန်… နင်မျက်ရည်ကျလာရင်.. သုတ်ပေးမဲ့သူမရှိတယ့်အခါ….၀မ်းနည်းနေမှာစိုးလို့ပါ

နင့်အနားက ငါ့ဝိညာဉ်ကိုတော့ ထွက်သွားဖို့ မတောင်းဆိုပါနဲ့နော်…
နင့်ကို စောင့်ရှောက်ဖို့ ငါရှိနေမှ ဖြစ်မယ်…
အရမ်းချစ်တယ်….

In: ကဗျာ Posted By: Date: Feb 26, 2014
Comment #1

အားပေးသွားပါတယ်ဗျ ။

commentinfo By: violet-13 at Feb 27, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment