နင် ငါ့ကို တစ်ယောက်တည်း ပစ်မထားပါနဲ့အစ်မ
တစ်ယောက်ကိုတစ်ယောက် လျှောထိုးဖျက်ထုတ်လိုက်ရအောင်
နင်နဲ့ငါက ပြိုင်ဘက်အသင်းသားတွေမှ မဟုတ်တာ
ငါ တစ်ကွက်လေးအရွှေ့မှားတာနဲ့
ငါ့ဘ၀နဲ့ငါ့အနာဂတ်ကို နင် ခွချက်စ်ခေါ်ရက်သလားအစ်မ
အစ်မ . . .
နင်ဟာ ထိလွယ်ရှလွယ်ဆိုတာ ငါ သိခဲ့သလို
ငါဟာ အပေအတေဆိုတာလည်း နင် သိခဲ့မှာပါ
ငါမရှိရင် နင်လိမ်းမယ့်သနပ်ခါး ဘယ်သူ စိတ်ရှည်လက်ရှည် သွေးပေးမလဲ
ငါမရှိရင် နင့်ရဲ့ဆံနွယ်တွေကို ဘယ်သူ နူးနူးညံ့ညံ့ ဖြီးသင်ပေးမလဲ
ငါမရှိရင် နင့်ရဲ့ခြေသည်းတွေကို ဘယ်သူ တယုတယ ဆေးဆိုးပေးမလဲ
ငါမရှိရင် နင့်ရဲ့အ၀တ်ဖိနပ်ကို ဘယ်သူ မညည်းမညူ လျှော်ဖွပ်ပေးမလဲ
ငါမရှိရင် နင့်ရဲ့အဆူအငေါက်ကို ဘယ်သူ အပြုံးမပျက် ငြိမ်ခံမလဲ
နင်မရှိရင် အကျအရှုံးတွေနဲ့ရောက်လာတတ်တဲ့ငါ့ကို ဘယ်သူ အရေးတယူ ထွေးပွေ့မလဲ
နင်မရှိရင် သွေးသံရဲရဲငါ့ဒဏ်ရာတွေကို ဘယ်သူ မရွံမရှာ ဖန်ဆေးပေးမလဲ
နင်မရှိရင် ငါ့အားငယ်စိတ်တွေကို ဘယ်သူ စိုးရိမ်တကြီး ဆေးထည့်ပေးမလဲ
နင်မရှိရင် ငါ့ဥယျာဉ်ထဲကပန်းကလေးတွေ ဘယ်သူ့ကို သခင်ခေါ်ရမလဲ
တစ်နေ့တစ်ခြား ပိုပိုညံ့လာတဲ့ငါ့ကဗျာတွေအကြောင်း နင့်ကို ပြောပြချင်တယ်
မိဘတွေနဲ့ အမြဲတမ်းအတိုက်အခံဖြစ်တဲ့ ငါ့မိုက်မဲမှုတွေကို နင့်လက်နဲ့ သွေးတိတ်ချင်တယ်
နင်ပြောပြမယ့် မွန်းကြပ်အိုက်လောင်မှုတွေအကြောင်း ငါ ကြားချင်တယ်
လောကနဲ့ အမြဲတမ်းအပေးအယူမတည့်တဲ့ နင့်သောကတွေကို ငါကိုယ်တိုင် ဆေးပေးမီးယူ လုပ်ချင်တယ်
နင် ငါ့ဆီကို ကြုံရာမှီရာစိတ်နဲ့ ပြန်လာခဲ့ပါအစ်မ
မျက်စိသူငယ်နားသူငယ်ငါ့ကို လောကလမ်းပေါ် တစ်ယောက်တည်း ခုတ်လှဲမထားခဲ့ပါနဲ့
ငါ့အခြေအနေက အနှေးနဲ့အမြန်ဆိုသလို နင့်ဆီ အရေးပေါ်ဖုန်းခေါ်ဆိုဖို့ အချိန်ရမှာမဟုတ်ဘူး
နင်မရှိရင် ငါ့မှာ ဘာမှမရှိဘူး၊နင်မရှိရင် အရာရာကို ငါ ကြောက်တယ်
ကိုသျှား
Comment #2
wowwwwwwwwwww
really excellentttttttttt
really perfectttttttttttt
really meaningfullllllll
huhhhhhh
so much nice.
                        By: ei lay at Apr 25, 2012
                    Comment #3
လောကနဲ့ အမြဲတမ်းအပေးအယူမတည့်တဲ့ နင့်သောကတွေကို ငါကိုယ်တိုင် ဆေးပေးမီးယူ လုပ်ချင်တယ်………( nICEEEEEEEEEEEEEEEEEEEEEE)
                        By: May Kha at Apr 26, 2012
                    Comment #4
ကိုသျှား…ရာ
ကောင်းတယ်……..ဗျာ
                        By: poem.poem28 at Apr 30, 2012
                    Comment #5
နင် ငါ့ဆီကို ကြုံရာမှီရာစိတ်နဲ့ ပြန်လာခဲ့ပါအစ်မ
……………………………………………..
တစ်ပုဒ်လုံး အရမ်းကောင်းတယ်
                        By: နွေ at Jul 16, 2013
                    Comment #6
so…so…so…!
                        By: shwezinmyatno at Jul 30, 2013
                    



 
Comment #1
ဟမ် . . . ဒီကဗျာဆရာက ကဗျာကောင်းလေးတွေ တော်တော်ရေးတက်တာပဲ . . . 🙂